အသက် (၂၁)နှစ်အောက် တန်ကြေးအမြင့်ဆုံးကစားသမားစာရင်းတွင် ဘာပေ ထိပ်ဆုံးမှရပ်တည်

အသက် (၂၁)နှစ်အောက် တန်ကြေးအမြင့်ဆုံးကစားသမားစာရင်းတွင် ဘာပေ ထိပ်ဆုံးမှရပ်တည်
Published 20 July 2018

လန်ဒန်အခြေစိုက် ဘောလုံးနှင့်ပတ်သက်သည့်ဈေးကွက်ဆိုင်ရာအချက်အလက်များကိုထုတ်ပြန်သည့် ှSoccerex ကုမ္ပဏီ၏ဖော်ပြချက်အရ ကမ္ဘာ့ဘောလုံးလောက၏ အသက် (၂၁)နှစ်အောက်တန်ကြေးအမြင့်ဆုံးကစားသမားစာရင်း တွင် PSG အသင်း၏ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းကုမ္ပဏီသည် ၁၉၉၇ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နောက်ပိုင်း မွေးဖွားသည့် လူငယ်ကစားသမားများ၏ အသက်၊ ကစားသည့်နေရာ၊ လက်ရှိကလပ်၊ စာချုပ်သက်တမ်း၊ ဈေးကွက်တန်ကြေး၊ နိုင်ငံတာကာပွဲအ ရေအတွက်၊ ကစားခဲ့သည့်မိနစ်၊ ဒဏ်ရာပြဿနာ၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနှင့် သွင်းဂိုးရရှိမှု စသည့် အချက်များအပေါ်မူတည်ပြီး အသေးစိတ်တွက်ချက်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့သည့် ဘာပေမှာ ပေါင် (၁၇၁.၅)သန်းဖြင့် ထိပ် ဆုံးတွင်ရပ်တည်နေကာ မန်ယူအသင်း၏အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်မှာ ပေါင် (၇၉.၆)သန်းဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ မန်စီးတီးအသင်း၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဂျေးဆူမှာ ပေါင် (၇၈.၅)သန်းဖြင့် တတိယနေရာတွင်လည်းကောင်း အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

အဆိုပါစာရင်း၏ထိပ်ဆုံး(၂၀)ဦးစာရင်းတွင် ဘာစီလိုနာအသင်း၏ပြင်သစ်လက်ရွေးစင်တောင်ပံကစား သမား ဒမ်ဘီလီက ပေါင်(၇၅.၂)သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေပြီး အေစီမီလန်ဂိုးသမား ဒွန်နာ ရမ်မာက ပေါင်(၅၆)သန်းဖြင့် အဆင့်(၇)၊ ဒေါ့မွန်တောင်ပံကစားသမား ပူလီရှစ်က ပေါင် (၅၄.၆)သန်းဖြင့် အဆင့် (၈)၊ ဖူလ်ဟမ်အသင်းနောက်ခံလူ ဆက်ဆီနွန်က ပေါင်(၄၅.၈)သန်းဖြင့် အဆင့် (၁၁)နှင့် လီဗာပူးလ်အသင်း၏အင်္ဂလန်လက်ရွေးစင်နောက်ခံလူ အာနိုးလ်က ပေါင် (၄၂.၂)သန်းဖြင့် အဆင့်(၁၂)နေရာတို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent