အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့သည့် ဆန်းချက်ဇ် မန်ယူ၏ရာသီကြိုခရီးစဉ်တွင် ပါဝင်ကစားမည်

အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့သည့် ဆန်းချက်ဇ် မန်ယူ၏ရာသီကြိုခရီးစဉ်တွင် ပါဝင်ကစားမည်
Published 20 July 2018

 

မန်ယူအသင်း၏ချီလီလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်သည် အမေရိကန်ုပြည်ဝင်ခွင့်ဗီဇာရရှိခဲ့၍ အသင်းနှင့်အတူ ပူးပေါင်းကာ ခြေစမ်းပွဲများတွင်ပါဝင်ကစားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဆန်းချက်ဇ်သည် အစောပိုင်းကာလက စပိန်ထိပ်သီးဘာစီလိုနာအသင်းတွင် ကစားခဲ့စဉ်အခွန်ရှောင်တိမ်းခဲ့သည်ဟု စွပ်စွဲချက်များနှင့်ပတ်သက်ြ့ပီး အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမရရှိခဲ့ဘဲ အသင်းနှင့်အတူ လိုက်ပါနိုင်ခဲ့ခြင်း မရှိပေ။ ယခုအခါ မန်ချက်စတာတွင် တစ်ဦးတည်းလေ့ကျင့်နေရသည့် ဆန်းချက်ဇ်က မိမိအနေဖြင့် ဗီဇာရရှိခဲ့၍ အသင်းနှင့်အတူ မကြာမီပူးပေါင်းတော့မည်ဖြစ်ကြောင်း သူ၏ Instagram အကောင့်မှတစ်ဆင့် ပရိသတ်များအား အသိပေးပြောကြားခဲ့သည်။

ဆန်းချက်ဇ်အနေဖြင့် မန်ယူအသင်း ပထမဆုံးကစားမည့် ကလပ်အမေရိကအသင်းနှင့်ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ဘဲ လာမည့်တနင်္ဂနွေတွင်ကစားတွင်ကစားမည့် ဆန်ဂျို့စ်အက်ကွစ်အသင်းနှင့်ပွဲစဉ်တွင်မူ ပါဝင်ကစားဖွယ်ရှိနေသည်။ မန်ယူအသင်းသည် အမေရိကန် ခရီးစဉ်တွင် ခြေစမ်းပွဲ (၅)ပွဲကစားရန် စီစဉ်ထားပြီး ဇူလိုင် (၂၅)ရက်တွင် အေစီမီလန်၊ ဇူလိုင် (၂၈)ရက်တွင် လီဗာပူးလ်နှင့် ဇူလိုင် (၃၀)ရက်တွင် ရီးယဲလ်မက်ဒရစ်အသင်းတို့နှင့်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent