စီရော်နယ်လ်ဒိုရုပ်ပုံပါ အိမ်သာသုံးစက္ကူများကို နေပယ်မြို့ရှိ လမ်းဘေးဈေးသည်များ ရောင်းချ

စီရော်နယ်လ်ဒိုရုပ်ပုံပါ အိမ်သာသုံးစက္ကူများကို နေပယ်မြို့ရှိ လမ်းဘေးဈေးသည်များ ရောင်းချ
Published 19 July 2018

 

စီးရီးအေကလပ် နာပိုလီအသင်းအခြေစိုက်ရာ နေပယ်မြို့ရှိ လမ်းဘေးဈေးသည်များသည် ဂျုဗင်တပ်စ်အသင်းတိုက်စစ်မှူးသစ် စီရော်နယ်လ်ဒိုရုပ်ပုံပါ အိမ်သာသုံးစက္ကူ (တစ်ရှူးလိပ်)များကိုရောင်းချနေကြောင်း သိရှိရသည်။
အဆိုပါဈေးသည်များသည် စီရော်နယ်လ်ဒိုရုပ်ပုံကိုအသုံးပြုခဲ့ခြင်းမှာ ပုံရိပ်အသုံးပြုခွင့်ဥပဒေကိုချိုးဖောက်ခဲ့ခြင်းလည်းဖြစ်ပြီး နာပိုလီပရိသတ်များကမူ ယင်းအိမ်သာသုံးစက္ကူများကို ဝယ်ယူအားပေးလျက်ရှိသည်။

 

ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်လ်ဒိုရောက်ရှိလာခြင်းမှာ နာပိုလီအသင်းအတွက်သာမက စီးရီးအေပြိုင်ဘက်အသင်းများအတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့ပြီး လှောင်ပြောင်ဝေဖန်မှုအမျိုးမျိုးပြုလုပ်နေကြသည်။
နာပိုလီအသင်းသည် ပြီးခဲ့သည့်ရာသီက အသင်းသမိုင်းတစ်လျှောက် စီးရီးအေပြိုင်ပွဲတွင် စံချိန်တင်အဖြစ် ရမှတ် (၉၁)မှတ်အထိရယူနိုင်ခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်း၏နောက် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
စီရော်နယ်လ်ဒိုမှာ ယခုကဲ့သို့ အိမ်သာသုံးစက္ကူတွင် အသုံးပြုခံရသည့် ပထမဆုံးကစားသမားမဟုတ်ဘဲ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂွါအင်မှာလည်း နာပိုလီမှ တူရင်အခြေစိုက်အသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင် ယင်းသို့ အသုံးပြုခြင်းခံခဲ့ရဖူးသည်။ ထို့အပြင် အိမ်သာသုံးစက္ကူတွင် အသင်းအမှတ်တံဆပ်အသုံးပြုရဖူးသည့်ကလပ်များမှာ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်၊ တိုရီနိုနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent