ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ဆက်နွှယ်သည့် စွပ်စွဲခံရသူများအား နေပြည်တော် အချုပ်ထောင်သို့ လွှဲပြောင်းထားပြီး လာမည့် ရုံးချိန်းတွင် ရန်ကုန်မြို့မှ တရားလိုပြ သက်သေများကို စတင်စစ်ဆေးမည်

ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ဆက်နွှယ်သည့် စွပ်စွဲခံရသူများအား နေပြည်တော် အချုပ်ထောင်သို့ လွှဲပြောင်းထားပြီး လာမည့် ရုံးချိန်းတွင် ရန်ကုန်မြို့မှ တရားလိုပြ သက်သေများကို စတင်စစ်ဆေးမည်
Published 19 July 2018

ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ဆက်နွှယ်သည့် စွပ်စွဲခံရသူများအား နေပြည်တော် အချုပ်ထောင်သို့ လွှဲပြောင်းထားပြီး လာမည့်ရုံးချိန်းတွင် ရန်ကုန်မြို့မှ တရားလိုပြ သက်သေများအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် စွပ်စွဲခံရသည့် တရားခံ ၁၂ ဦးရှိပြီး ရန်ကုန်မြို့မှ စွပ်စွဲခံရသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးအနက် အမျိုးသမီးအား ခံဝန်အာမခံဖြင့် လွှတ်ပေးထားကြောင်း ဒက္ခိဏခရိုင် တရားရုံးမှ သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ဇူလိုင် ၁၈ ရက် ရုံးထုတ်ရာတွင် တရားလိုပြသက်သေ ဦးဝင်းအောင်နှင့် ရဲတပ်ကြပ် လွှမ်းနောင်ဦးတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုမှ စစ်ဆေးရန် တရားလိုပြ သက်သေ ၄၀၃ ဦးရှိပြီး လက်ရှိတွင် တရားလိုပြ သက်သေ ၁၄၀ ကျော် စစ်ဆေးထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ခုနစ်မှုမှ တရားလိုပြ သက်သေ ၁၃၆ ဦးနှင့် ရာဇဝတ် အထွေထွေအမှုဖြစ်သည့် တရားခံပြေးမှု လေးမှုမှ တရားလိုပြ သက်သေ ၈၀ ရှိသော်လည်း တရားလိုပြ သက်သေပေါင်း ၂၁၆ ဦးအား စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် ရဲစခန်းက လက်နက်အက်ဥပဒေပုဒ်မ ၁၉ (စ) ၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၂၀၊ လက်နက် အက်ဥပဒေပုဒ်မ ၁၉-က/၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ၇ ၊ လက်နက်အက် ဥပဒေ ၉ (စ)/၁၉(က)နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဆုံး ရုံးထုတ်စဉ်က တရားစွဲဆိုခဲ့သည်။

ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက် တရားစွဲဆိုခဲ့သည်။

Most Read

Most Recent