ကမ္ဘာ့ရွှေဈေး ထိုးဆင်းသော်လည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၅၂၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေး ထိုးဆင်းသော်လည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၅၂၀၀ ဝန်းကျင်ရှိနေ
Published 19 July 2018

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၁၈ ရက်တွင် ၁၂၂၂ ဒေါ်လာဝန်းကျင်အထိ ထိုးဆင်းခဲ့သော်လည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၅၂၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဧပြီလအတွင်း ပြည်တွင်း ရွှေဈေးအနိမ့်ဆုံးနှုန်း ကျပ် ၉၃၉၉၀၀ (ဧပြီ ၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၈၄၀၀ (ဧပြီ ၁၉ ရက်)၊ မေလအတွင်း ပြည်တွင်း ရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၁၈၀၀ (မေ ၂၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၂၂ ၀၀ (မေ ၁ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဒီဇင်ဘာတွင် ၁၂၃၈-၁၃၀၆ ဒေါ်လာ၊ ဇန်နဝါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃-၁၃၅၄၊ မေတွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂-၁၂၉၉ ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၆၀ ကျော်အထိ ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် မေ ၂၃ ရက်တွင် ၁၂၉၁ ဒေါ်လာ၊ ဇွန် ၁၅ ရက်တွင် ၁၂၇၄ ဒေါ်လာ၊ ဇွန် ၂၁ ရက်တွင် ၁၂၆၂ ဒေါ်လာ၊ ဇွန် ၃၀ ရက်တွင် ၁၂၅၂ ဒေါ်လာ၊ ဇူလိုင် ၃ ရက်တွင် ၁၂၃၇ ဒေါ်လာ၊ ဇူလိုင် ၁၈ ရက်တွင် ၁၂၂၂ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent