ပရီးမီးယားလိဂ် ထိပ်တန်းနည်းပြများနှင့် ယှဉ်ပြိုင်ရန် ချယ်လ်ဆီးနည်းပြ ဆာရီ စိတ်လှုပ်ရှားနေ

ပရီးမီးယားလိဂ် ထိပ်တန်းနည်းပြများနှင့် ယှဉ်ပြိုင်ရန် ချယ်လ်ဆီးနည်းပြ ဆာရီ စိတ်လှုပ်ရှားနေ
Published 18 July 2018

Photo: AP

ချယ်လ်ဆီးအသင်းနည်းပြသစ် ဆာရီက ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ထိပ်သီးနည်းပြများနှင့် ယှဉ်ပြိုင်ရန် အလွန်စိတ်လှုပ်ရှားနေကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဆာရီသည် ချယ်လ်ဆီးအသင်းက ထုတ်ပယ်လိုက်သည့် နည်းပြ ကွန်တီ၏နေရာတွင် ဆက်ဆံခဲ့သူဖြစ်ပြီး ဆွဲဆောင်မှုရှိသည့်ကစားဟန်ဖြင့် အသင်းကို တည်ဆောက်မည်ဟု ပြောကြားထားသူ ဖြစ်သည်။

ဆာရီက "ပရီးမီးယားလိဂ်မှာ ဥရောပရဲ့ အတော်ဆုံးနည်းပြတွေ ရှိပါတယ်။ သူတို့ဟာ ကမ္ဘာ့ပေါ်မှာ အတော်ဆုံးနည်းပြတွေလို့တောင် ပြောနိုင်တဲ့သူတွေပါ။ ဂွါဒီယိုလာ၊ ပိုချက်တီနို၊ မော်ရင်ဟို၊ ကလော့ပ်တို့အပြင် အခြားနည်းပြတွေနဲ့ ရင်ဆိုင်ဖို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ုပြင် ဆာရီက ချယ်လ်ဆီးမှာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ၎င်း၏ ကစားဟန်ကို အသက်သွင်းရန် အပြောင်းအလဲ တစ်ခု၊ နှစ်ခုလောက် လုပ်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

"ချယ်လ်ဆီးဟာ အသင်းကောင်းတစ်သင်းလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ပြဿနာက အင်္ဂလန်မှာ အခြားအသင်းကောင်းတွေကလည်း (၅)သင်း၊ (၆)သင်းလောက်ကို ရှိနေတာပါ။ ကျွန်တော် ကစားဟန်ကို အသက်သွင်းဖို့ဆိုရင် အပြောင်းအလဲ တစ်ခု၊ နှစ်ခုလောက်တော့ လုပ်ဖို့ လိုပါတယ်"ဟု ဆာရီက ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် နာပိုလီကွင်းလယ်လူ ယော်ဂင်ဟိုကို ခေါ်ယူထားပြီး ဂျူဗင်တပ်စ်အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင်ကိုလည်း ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent