ရိုးမားဂိုးသမား အယ်လစ်ဆန်အား ပေါင် (၆၂)သန်းဖြင့် လီဗာပူးလ်အသင်း ကမ်းလှမ်း

ရိုးမားဂိုးသမား အယ်လစ်ဆန်အား ပေါင် (၆၂)သန်းဖြင့် လီဗာပူးလ်အသင်း ကမ်းလှမ်း
Published 18 July 2018

Photo: Getty Images

လီဗာပူးလ်အသင်းသည် ရိုးမားအသင်းမှ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကို ပေါင် (၆၂)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ဗြိတိန်သတင်းစာ BBC က ဖော်ပြခဲ့သည်။

ရိုးမားအသင်းသည် အယ်လစ်ဆန်အတွက် လီဗာပူးလ်အသင်း၏ ပေါင်(၆၂)သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံစားရန် စဉ်းစားနေသော်လည်း သဘောတူညီမှုမရသေးဘဲ ပေါင်(၆၆)သန်းအထိ အလိုရှိနေသည်။

အသက် (၂၅)နှစ်အရွယ်ရှိ အယ်လစ်ဆန်သည် ပြီးခဲ့သည့်ရာသီက ရိုးမားအသင်းတွင် လက်စွမ်းပြနိုင်ခဲ့သည့် နာမည်ကျော်ကြားလာခဲ့ပြီး လီဗာပူးလ်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

အကယ်၍ လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှုကိုသာ ရိုးမားအသင်းက လက်ခံမည်ဆိုပါက အယ်လစ်ဆန်သည် ကမ္ဘာ့ကြေးအကြီးဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လက မန်စီးတီးအသင်းသို့ ပေါင် (၃၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့ပေါ်တွင် ပြောင်းရွှေ့ကြေးအမြင့်ဆုံးဖြစ်နေသည့် ဂိုးသမား အီဒါဆင်၏ စံချိန်ကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်သည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် အမှားများခဲ့သည့် ဂျာမန်ဂိုးသမား ကာရီးယပ်စ်ဘက်မှ ကာကွယ်ပေးခဲ့သော်လည်း ရာသီကြိုပွဲစဉ်များတွင် အမှားများနေသည့်အတွက် အယ်လစ်ဆန်ကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent