အိုက်စလန်အသင်းနည်းပြရာထူးမှ ဟယ်ဂရင်းဆန် နုတ်ထွက်

အိုက်စလန်အသင်းနည်းပြရာထူးမှ ဟယ်ဂရင်းဆန် နုတ်ထွက်
Published 18 July 2018

Photo: Getty Images

အိုက်စလန်အသင်းနည်းပြ ဟယ်ဂရင်းဆန်သည် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အသက် (၅၁)နှစ်အရွယ်ရှိ ဟယ်ဂရင်းဆန်သည် အိုက်စလန်အသင်းကို ယူရိုပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် တစ်ဦးတည်းသော နည်းပြအဖြစ် မှတ်တမ်းဝင်နေသူလည်း ဖြစ်သည်။

အိုက်စလန်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသော်လည်း ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဟယ်ဂရင်းဆန်သည် အသင်းကို ကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ဟယ်ဂရင်းဆန်သည် နည်းပြရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အိုက်စလန်ဘောလုံးအဖွဲ့ချုပ်က Twitter စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အိုက်စလန်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် "အိုက်စလန်အမျိုးသားလက်ရွေးစင်အသင်းကို ဟယ်ဂရင်းဆန် ဆက်လက်ကိုင်တွယ်တော့မှာ မဟုတ်ကြောင်း အိုက်စလန်ဘောလုံးအဖွဲ့ချုပ်က
အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဟယ်ဂရင်းဆန်ဟာ အိုက်စလန်ကို ၂၀၁၁ ခုနှစ်က စတင်ရောက်ရှိလာခဲ့ပြီး (၇)နှစ်အကြာမှာ နည်းပြရာထူးက နုတ်ထွက်ဖို့ ကိုယ်တိုင်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်"ဟု ပါရှိသည်။

ဟယ်ဂရင်းဆန်သည် အိုက်စလန်အသင်းကို ၂၀၁၁ ခုနှစ်က နည်းပြလာဂါဘတ်ခ်၏ လက်ထောက်နည်းပြအဖြစ် စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ နည်းပြချုပ် တာဝန်ယူကိုင်တွယ်ခဲ့သူ ဖြစ်သည်။

Most Read

Most Recent