မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကျော်တက်ခိုးဝင်လာသူ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကျော်တက်ခိုးဝင်လာသူ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိ
Published 18 July 2018

နယ်စပ်ခြံစည်းရိုးအား ကျော်တက်ဝင်ရောက်ခဲ့သည့် မာမွတ်ဖာဒူ (ခ) မာမတ်ဖာရုလ်နှင့် ဒီလူး (ခ) ဒိလ်မာမတ်အား တွေ့ရစဉ် (ဓာတ်ပုံ - ပြန်ကြားရေး ဝန်ကြီးဌာန)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကျော်တက်ခိုးဝင်လာသူ ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူ နှစ်ဦးမှာ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာတွင် နေထိုင်သူများ ဖြစ်သည့် ဒီလူး (ခ) ဒိလ်မာမတ် (၅၅ နှစ်) နှင့် မာမွတ်ဖာဒူ (ခ) မာမတ်ဖာရုလ်(၃၅ နှစ်) တို့ ဖြစ်ပြီး ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ၎င်းတို့နှစ်ဦးသည် နတ်မြစ်ကို ဖြတ်ကူးပြီး မောင်တောမြို့နယ်၊ ပေါင်းဇားချောင်းဝကင်း စခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ ၌ နယ်စပ် ခြံစည်းရိုးအား ကျော်တက် ဝင်ရောက်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ကျော်တက်ဝင်ရောက် နေသည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သတိပေးဟန့်တားရာ ၎င်းတို့က ရပ်တန့်မှုမရှိဘဲ ခြံစည်းရိုးကို ဆက်လက် ကျော်တက်သဖြင့် MA-11 မောင်းပြန် ရိုင်ဖယ်သေနတ်ဖြင့် တစ်ချက် သတိပေးပစ်ခတ်ရာ ဒီလူး (ခ) ဒိလ်မာမတ်၏ကျော ယာဘက်ခြမ်းမှ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ထိမှန် (မစိုးရိမ်ရ) ရရှိသဖြင့် မောင်တော ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မာမွတ်ဖာဒူ (ခ) မာမတ်ဖာရုလ်အား ပြင်ဖြူနယ်မြေ ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent