လှိုင်သာယာမြို့နယ်တွင် အမျိုးသားတစ်ဦး မယ်ဇလီပင်ပေါ်တက်၍ မယ်ဇလီဖူးခူးရာမှ ဓာတ်လိုက်သေဆုံး

လှိုင်သာယာမြို့နယ်တွင် အမျိုးသားတစ်ဦး မယ်ဇလီပင်ပေါ်တက်၍ မယ်ဇလီဖူးခူးရာမှ ဓာတ်လိုက်သေဆုံး
Published 18 July 2018

လှိုင်သာယာမြို့နယ်တွင် အမျိုးသားတစ်ဦး မယ်ဇလီပင်ပေါ်တက်၍ မယ်ဇလီဖူးခူးရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓာတ်လိုက်သေဆုံးသည့် အမျိုးသားမှာ လှိုင်သာယာမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ကို.... (၃၄ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် (၇) ရပ်ကွက် ရန်ကုန်-ပုသိမ် ချဉ်းကပ်လမ်းဘေးရှိ မယ်ဇလီပင်ပေါ်သို့တက်၍ မယ်ဇလီဖူးခူးရာမှ ၎င်းလက်ဖြင့် ကိုင်ထားသည့် သစ်ကိုင်းနှင့် လျှပ်စစ်ကြိုးတို့ထိမိပြီး ဓာတ်လိုက်ကာ သစ်ပင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်ကာ ပြုတ်ကျခဲ့သဖြင့် ကို.... မှာ လက်အရေပြား စုတ်ပြဲဒဏ်ရာ ရရှိခဲ့ကာ လှိုင်သာယာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို လှိုင်သာယာမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၅၆/၂၀၁၈) ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent