ချယ်လ်ဆီးအသင်း၏ အဓိကကစားသမားနှစ်ဦးဖြစ်သည့် ဟာဇက်နှင့် ကော်တိုအာတို့အသင်းမှထွက်ဖွယ်ရှိနေ

ချယ်လ်ဆီးအသင်း၏ အဓိကကစားသမားနှစ်ဦးဖြစ်သည့် ဟာဇက်နှင့် ကော်တိုအာတို့အသင်းမှထွက်ဖွယ်ရှိနေ
Published 17 July 2018

ချယ်လ်ဆီးအသင်း၏ အဓိက ကစားသမားနှစ်ဦးဖြစ်သည့် အေဒင်ဟာဇက်နှင့် ဂိုးသမား ကော်တိုအာ တို့သည် လာမည့်နွေရာသီအပြောင်း အရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဟာဇက်အား PSG အသင်းမှ နေမာနှင့် ဘာပေတို့အပြီး Plan C အဖြစ် သတ်မှတ်ထားသော်လည်း PSG အသင်းက ယင်းကစားသမားနှစ်ဦးစလုံးကို ရောင်းထုတ်ရန် အစီအစဉ်မရှိသဖြင့် အဓိကပစ်မှတ်ဖြစ်လာဖွယ်ရှိပြီး ၎င်းကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကို စွန့်ခွာရန် စဉ်းစားနေပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ထို့အတူ ဟာဇက်၏ ဘယ်လ်ဂျီယံအသင်းဖော်ဖြစ်သည့် ဂိုးသမား ကော်တိုအာကလည်း အသင်းကို ပြန်ရောက်ချိန်တွင် ၎င်း၏အနာဂတ်အတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး လစာတိုးမြှင့်တောင်း ခံမှု အဆင်မပြေပါက အသင်းမှထွက်ခွာဖြစ်ဖွယ်ရှိနေသည်။

ကော်တိုအာက " ချယ်လ်ဆီးအသင်းက ကျွန်တော့်ဆီက ဘာကိုလိုအပ်ပြီး၊ ကျွန်တော်က ချယ်လ်ဆီးအသင်းဆီကနေ ဘာတွေရမလဲဆိုတာကို ဆွေးနွေးသွားမှာပါ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အသင်းနဲ့ ဆွေးနွေးမှုတွေပြီးမှ သိနိုင်ပါလိမ့် မယ် " ဟု ပြောကြားခဲ့သည်။

Most Read

Most Recent