စစ်တွေမြို့အနီး ပွိုင့်တောင်ဘက်ပင်လယ်ပြင်တွင် ကျောက်တင်လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွား

စစ်တွေမြို့အနီး ပွိုင့်တောင်ဘက်ပင်လယ်ပြင်တွင် ကျောက်တင်လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွား
Published 15 July 2018

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပွိုင့် တောင်ဘက် ပင်လယ်ပြင်တွင် ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က ကျောက်တင်လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ မရှိခဲ့သော်လည်း ပစ္စည်းများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါစက်လှေသည် ကျောက်ဖြူမှ ထွက်လာသော ကျောက်များ တင်ဆောင်လာသည့်စက်လှေတစ်စင်းဖြစ်ကာ ပင်လယ်ပြင်အနီးသို့အရောက်တွင် ကျောက်ဆောင်နှင့် ပွတ်တိုက်မိရာမှ လှေမှာ တိမ်းမှောက်သွားခဲ့သဖြင့် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ကာ ကယ်ဆယ်ခဲ့ရာ စက်လှေပေါ်တွင် လိုက်လာသူများအနေဖြင့် မှောက်သွားသော လှေပေါ်တွင် တွယ်ကပ်နေခဲ့သ ဖြင့် နစ်မြုပ်သေဆုံးသူမရှိခဲ့ကြောင်းနှင့် စက်လှေတွင်လိုက်ပါလာသူများကို စစ်တွေပြည်သူ့ ဆေးရုံသို့ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှ အရာရှိတစ်ဦးက “ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ကယ်ဆယ်လိုက်တဲ့အတွက် အသက်မသေကြပါဘူး။ နည်းနည်းပါးပါး ပွန်းပဲ့ဒဏ်ရာလောက်သာရှိပါတယ်။ ကျန်းမာရေးလည်းကောင်းကြပါတယ်။ စိုးရိမ်စရာ မရှိပါ” ဟု ဆိုသည်။

Most Read

Most Recent