အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်မှုအပြင် ၎င်းတို့နေထိုင်သည့် အိမ်များအား မီးရှို့ဖျက်ဆီး ထွက်ပြေးကြောင်း သတင်းထုတ်ပြန်

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်မှုအပြင် ၎င်းတို့နေထိုင်သည့် အိမ်များအား မီးရှို့ဖျက်ဆီး ထွက်ပြေးကြောင်း သတင်းထုတ်ပြန်
Published 25 August 2017

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများသည် မောင်တောဒေသ အတွင်းရှိ လုံခြုံရေး ရဲကင်းနှင့် ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်သည့်အပြင် ဒုက္ခသည်စခန်းများနှင့် ရွာများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

[အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၃]

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုအပြင် ၎င်းတို့ နေထိုင်သည့် အိမ်များအား မီးရှို့ ဖျက်ဆီးထွက်ပြေး

နေပြည်တော်၊ သြဂုတ် ၂၅

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများသည် မောင်တောဒေသအတွင်းရှိ လုံခြုံရေး ရဲကင်း နှင့် ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်သည့်အပြင် ဒုက္ခသည်စခန်းများနှင့် ရွာများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ်အတွင်းရှိ ချိန်ခါလီ ဘင်္ဂလီရွာတွင် နေထိုင်ကြသည့် ဘင်္ဂလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး မြစ်နားဘင်္ဂလီကျေးရွာနှင့် မေယု တောင်ကြောဘက်သို့ တက်သွားကြောင်း သိရှိရသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်အတွင်းရှိ အိမ်ခြေ ၆၀ ရှိသည့် စေတီပြင် ဘင်္ဂလီကျေးရွာတွင် နေထိုင်ကြသည့် ဘင်္ဂလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ချင်းရွာဘက်သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် ယနေ့ နံနက် အာရုဏ်တက်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင် မြို့နယ်အတွင်းရှိ လုံခြုံရေး ဆောင်ရွက် နေသည့် ရဲကင်းစခန်းများကို တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခံရမှု နောက်ဆုံး အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) တိုက်ခိုက်ခံရသော ကင်းစခန်းပေါင်း ၃၀ ခု

(၂) ကျဆုံးတပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး (တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး)

(၃) ဒုလဝကမှူး ၁ ဦး

(၄) ဒဏ်ရာရ တပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး ၊ ၃ ဦး စိုးရိမ်ရ

(၅) ဆုံးရှုံးလက်နက် ၆ လက်

(၆) အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်း

(၇) အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အရှင်ဖမ်းမိ ၁ ဦး

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည့်အပြင် ဘူးသီးတောင်မြို့နယ် ၊ ဖောင်တော်ပြင်ကင်းစခန်းရှိ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်း ဦးဇော်မျိုးအောင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။

မောင်းတော မောင်နှမရွာ ဗလီရှေ့ ကားလမ်းမပေါ်တွင် စစ်ကူသွားသည့် နယ်ခြားစောင့်ရဲ တပ်ရင်းမှ ကား ၃ စီးကို နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ ပြီး ယခုအချိန်ထိ ပစ်ခတ်မှုဖြစ်နေကြောင်း သိရသည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန် ၊ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပမည့်အချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီးကာ တိုက်ကွက်များ ဖော်ဆောင်လာခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

ထပ်မံရရှိသည့် သတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

Most Read

Most Recent