မောင်တောတောင်ပိုင်းရှိ ကျောက်ပန္ဒူ ရဲကင်းစခန်း ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ကင်းစခန်းမှ ရဲတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရ

မောင်တောတောင်ပိုင်းရှိ ကျောက်ပန္ဒူ ရဲကင်းစခန်း ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ကင်းစခန်းမှ ရဲတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရ
Published 25 August 2017

ကျောက်ပန္ဒူကျေးရွာသားများ ခိုလှုံနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဝင်းလှိုင်)

မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျောက်ပန္ဒူ ရဲကင်းစခန်း ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ပိတ်ဆို့တိုက်ခိုက်ခံရပြီး နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကင်းစခန်းမှ ရဲတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ကင်းစခန်းအများစုအား အချိန်နှင့်တစ်ပြေးညီ တိုက်ခိုက်နေသည့်အတွက် လုံခြုံရေး စခန်းငယ်များအား ထိုသို့ဆုတ်ခွာရခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ပန္ဒူကျေးရွာသားများ ခိုလှုံနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဝင်းလှိုင်)

"ကျွန်တော်တို့ ကျောက်ပန္ဒူ ရွာသားတွေ ဘုန်းတော်ကြီးမှာ ခိုလှုံနေကြရတယ်။ လုံခြုံရေးတပ်သား တွေကတော့ အနည်းငယ်ရှိတယ်။ စခန်းတစ်ခု မကြာခင်ကမှ ကျသွားတယ်။ ကင်းစခန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ရတယ်။ ညဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာ မသိရသေးဘူး။ လုံခြုံရေးမရှိရင် အားလုံးသေကုန်လိမ့်မယ်။ အကြမ်းဖက်ဘင်္ဂါလီတွေဟာ ရွာလုံးကျွတ်ထွက်လာပြီး တိုက်ခိုက်ကြတာပါ" ဟုလည်း ကျောက်ပန္ဒူရွာမှ ကိုဝင်းလှိုင်က ပြောကြားသည်။

ကျောက်ပန္ဒူကျေးရွာသားများ ခိုလှုံနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဝင်းလှိုင်)

အလားတူ ကျောက်ပန္ဒူရွာကျေးရွာအား ဘင်္ဂါလီ အကြမ်းဖက်သမားများမှ အဝေးမှ ဝိုင်းရံထားသည့် အတွက် စိုးရိမ်နေရသည့် အခြေအနေ ရှိနေကြောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဒေသခံများနှင့် ရဲတပ်ဖွဲ့ အချို့သာ ရှိနေသည့်အတွက် အကြမ်းဖက်သမားများ အင်အားတိုးလာမည်ကို စိုးရိမ်ကြောင်း၊ တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာများလ ရရှိခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အင်းဒင်ကျေးရွာသားများ အနေဖြင့်လည်း ဘုန်းတော်ကြီးကျောင်းများတွင် စုဝေးခိုလှုံကြရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်အနည်းငယ်ရှိနေသဖြင့် အားတက်မိသော်လည်း ညအချိန်ရောက်လာမည်ကို စိုးရိမ်မိ ကြောင်း၊ စစ်တပ်မှလည်း အနည်းငယ်ရှိကြောင်း၊ ဘင်္ဂလီ အကြမ်းဖက်သမားများ အနေဖြင့် ကင်းစခန်းများကို အဓိကထား တိုက်ခိုက်လျက်ရှိကာ လော်စပီကာများဖြင့် ဟော်ဟစ်ကြွေးကြော် နေကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent