ချယ်လ်ဆီးအသင်းနှင့် စာချုပ်ချုပ်ဆိုရန် ဆာရီ လန်ဒန်သို့ရောက်ရှိ

ချယ်လ်ဆီးအသင်းနှင့် စာချုပ်ချုပ်ဆိုရန် ဆာရီ လန်ဒန်သို့ရောက်ရှိ
Published 14 July 2018


နာပိုလီအသင်းနည်းပြဟောင်း ဆာရီသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်ချုပ်ဆိုရန် လန်ဒန်သို့ ရောက်ရှိနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဆာရီ၏ လက်ကျန်စာချုပ်အတွက် နာပိုလီအသင်းအား လျော်ကြေး ပေါင် ၄.၅ သန်းပေးချေရမည်ဖြစ်ပြီး ကစားသမားများခေါ်ယူရန် ငွေကြေးသုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်းလည်း ကတိပေးထားသည်။

ဆာရီသည် ချယ်လ်ဆီးအသင်း၏ (၆)ဦးမြောက် အီတလီလူမျိုးနည်းပြဖြစ်လာမည်ဖြစ်ပြီး အီတလီလူမျိုးပင်ဖြစ်သည့် နည်းပြ ကွန်တီထုတ်ပယ်ခံရပြီးနောက် ချယ်လ်ဆီးအသင်းအား ဆက်တိုက်ကိုင်တွယ်သည့် အီတလီလူမျိုးနည်းပြ အဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

ဆေးလိပ်အလွန်ကြိုက်နှစ်သက်သူဟု နာမည်ကြီးသည့် ဆာရီသည် နာပိုလီအသင်းအား ပြိုင်ပွဲစုံ (၁၄၇)ပွဲကိုင်တွယ်ခဲ့ရာ (၉၇)ပွဲနိုင်၊ (၂၅)ပွဲသရေ၊ (၂၅)ပွဲ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၆-၁၇ ရာသီတွင် စီးရီးအေ အကောင်းဆုံးနည်းပြဆု ရရှိခဲ့သည်။

Most Read

Most Recent