နယ်မြေသတ်မှတ်မှု တိတိကျကျမရှိခြင်းကြောင့် တပ်မတော်နှင့် RCSS တို့အကြား ထိတွေ့မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံ းညွှန်ကြားရေးမှူးချုပ် ပြောကြား

နယ်မြေသတ်မှတ်မှု တိတိကျကျမရှိခြင်းကြောင့် တပ်မတော်နှင့် RCSS တို့အကြား ထိတွေ့မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံ းညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 14 July 2018

နယ်မြေသတ်မှတ်မှု တိတိကျကျမရှိခြင်းကြောင့် တပ်မတော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား ထိတွေ့မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ကြားကာလမှာ RCSS နဲ့ အလွတ်သဘောတွေ့တယ်။ အစိုးရနဲ့တပ်နဲ့  RCSS နဲ့ တွေ့တယ်။ တွေ့တဲ့အချိန်မှာ နယ်မြေသတ်မှတ်ချက်က နှစ်ဦးနှစ်ဖက် မရှင်းလင်းဘူးဖြစ်နေတယ်။ ကျွန်တော်တို့ စာချုပ်တွေမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒီဖက်က လက်မှတ်ထိုးတယ် ဟိုဖက်က ဗိုလ်ချုပ်ကြီး ရွက်ဆစ်လက်မှတ်ထိုးထားတဲ့ Bilateral စာချုပ်ရှိတယ်။  အဲဒီစာချုပ်ကို ပြန်ကြည့်လိုက်တော့ နယ်နိမိတ် သတ်မှတ်ချက်တွေပါတယ်။ သို့သော် အဲဒါမဟုတ်သေးဘူးဆိုပြီးပြောတော့ ပြဿနာက ဘာလဲဆိုတော့ ကျွန်တော်တို့ နယ်မြေပိုင်းခြား သတ်မှတ်မှုတွေ တိတိကျကျ သဘောတူညီချက်မရှိတဲ့အတွက် နယ်ကျော်ခြင်း၊ မကျော်ခြင်းကနေစပြီးတော့ ပြဿနာဖြစ်တာ။ ဒီဘက်ကိုကျော်လာတယ်၊ ဟိုဖက်ကို ကျော်လာတယ်။ နောက်တစ်ခုက အောက်ခြေမှာ ပြည်သူတွေနဲ့ ဆက်စပ်တဲ့အပိုင်းတွေရှိတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော်နှင့်  RCSS တု့ိသည့် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွင် ဖြစ်ပွားနေသော ထိတွေ့မှုကြောင့် ဒေသခံပြည်သူ ၆၀၀ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း သိရသည်။

“အဲဒါတွေက အခုကျွန်တော်တို့ ပြော နေတာတွေက အပစ်ရပ်နယ်မြေ၊ အပစ်ရပ် ဒေသသတ်မှတ်ပေးပြီးရင် ဘာတွေလုပ်လို့ ရလဲဆိုတာ NCA မှာပါတယ် ကြားကာလ အစီအစဉ်ဆိုတာ။ လူတွေက တချို့မီဒီယာ သမားတွမေးတယ်။ ကြားကာလအစီအစဉ် ဘာလုပ်လဲ။ ကြားကာလအစီအစဉ်ရဲ့နိဒါန်းမှာ အပစ်ရပ်နယ်မြေ ၊အပစ်ရပ်ဒေသအတွင်း ဆိုလို့ပါတယ်။ ဒါတွေဆောင်ရွက်။ ဆောင်ရွက်တော့ ကြားကာလကို လုပ်ဖို့အတွက် အပစ်ရပ်နယ်မြေသတ်မှတ်ဖို့လိုတယ်။ ဘယ်အဖွဲ့နဲ့မှ ကျွန်တော်တို့က သတ်မှတ်ထားပြီးသား မရှိဘူး။ မရှိတဲ့ကျတော့ JMC က အဲဒါကို လုပ်နေတယ်။ JMC –U မှာ လုပ်တယ်။  JMC – U ကတော့ အချို့ တပ်မတော်ကတော့ ရှင်းတယ်။  ဒီနယ်မြေပိုင်းခြားသတ်မှတ်မှုကို JMC –S ကို ပေးထားတယ်။ JMC – S မှာ ဘယ်သူထိုင်လည်းဆိုတော့ သက်ဆိုင်ရာ တိုင်မှူးတွေထိုင်တယ်။ တိုင်းမှူးတွေက သူ့စစ်တိုင်းအလိုက် နယ်မြေသတ်မှတ်ချက် သူတို့ကို တာဝန်ပေးထားတယ်။ ဟိုဘက်မှာကျတော့ မဟုတ်ဘူး။ EAO  ကျတော့ အကုန်လုံး ဘုံတူညီတဲ့ နယ်မြေသတ်မှတ်ချက်ပုံစံမျိုး သူတို့က  ညှိချင်တယ်။ တပ်မတော်ကျတော့ Bilateral တစ်ခုချင်း သွားချင်တယ်။ အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူတဲ့အတွက်ဆိုပြီး အဲဒီအပေါ်မှာ အခုအချိန်ထိ JMC မှာ နယ်မြေသတ်မှတ်နိုင်ခြင်း မရှိဘူး။ မရှိတဲ့အတွက် နယ်ကျော်ခြင်း၊ မကျော်ခြင်းနဲ့ အဲဒါတွေ ဖြစ်နေတာ အဓိကပြဿနာက အဲဒါပဲ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်နယ်မြေ၊ သတ်မှတ်နယ်မြေနှင့် ထိန်းချုပ်နယ်မြေဆိုသည့် စကားလုံးများသည့် ညှိနှိုင်းရန် ခက်ခဲနေသည့် စကားလုံးများဖြစ်သည်။

Most Read

Most Recent