မန္တလေးတိုင်းအတွင်း သက်ငယ်မုဒိမ်းမှု ၁၂၀ ကျော် အမှုပြီးပြတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ်နှစ်၂၀ ၃၆ မှုနှင့် သေဒဏ် ချမှတ်ခဲ့သည့်အမှု နှစ်မှုရှိဟု သိရ

မန္တလေးတိုင်းအတွင်း သက်ငယ်မုဒိမ်းမှု ၁၂၀ ကျော် အမှုပြီးပြတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ်နှစ်၂၀ ၃၆ မှုနှင့် သေဒဏ် ချမှတ်ခဲ့သည့်အမှု နှစ်မှုရှိဟု သိရ
Published 14 July 2018

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၁၂၀ ကျော် အမှုအပြီးပြတ်စစ်ဆေးခဲ့ပြီး အမြင့်ဆုံး ပြစ်ဒဏ်များအနေဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည့်အမှု ၃၆ မှု၊ နှစ် ၂၀ အထက် တစ်မှု၊ သေဒဏ်ချမှတ်ခဲ့သည့် အမှုနှစ်မှုရှိကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။

သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ အမှုပေါင်း ၁၂၂ မှု အမှုပြီးပြတ်ခဲ့ပြီဖြစ်ကာ ထောင်ဒဏ် ၁၀ နှစ်အောက် ချမှတ်ခဲ့သည့် အမှု ၃၂ မှု၊ ၁၀ နှစ် ချမှတ်သည့်အမှု ၄၂ မှု၊ ၁၀ နှစ်အထက် ငါးမှု၊ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည့်အမှု ၃၆ မှု၊ နှစ် ၂၀ အထက် တစ်မှု၊ သေဒဏ်ချမှတ်ခဲ့သည့် အမှုနှစ်မှုရှိကြောင်း သိရသည်။

“သက်ငယ်မုဒိမ်းမှုပေါင်း ၁၂၂ မှု အမှုစစ်ဆေးတာက အမှုပြီးပြတ်သွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ တရားရုံးတွေမှာ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး သေဒဏ်၊ ကျွန်းဒဏ်ထိုက်တဲ့သူတွေကို တရားစွဲဆိုမှု တွေပြုလုပ်တဲ့အခါ တရားခံက ရှေ့နေစရိတ် မတတ်နိုင်ဘူး၊ မငှားရမ်းနိုင်ဘူးဆိုရင် နိုင်ငံတော် စရိတ်နဲ့ကုန်ကျခံပြီးတော့ ရှေ့နေငှား ရမ်းဆောင်ရွက်ပေးရတာတွေ ရှိပါတယ်။ ဒါကလည်း ဥပဒေပါခံစားခွင့်တွေအရ ဥပဒေကြောင်းတွေအရ ခုခံချေပခွင့်ပြုပေးရတာ ဖြစ်ပါတယ်။ အမှုမြန်ဆန်ဖို့က သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက အမှုကို ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်နဲ့ မှန်မှန်ကန်ကန် တည်ဆောက်မယ်၊ သက်သေတွေဘက်ကလည်း အမှုအပေါ်မှာ စိတ်ပါဝင်စားစွာနဲ့တာ ဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အမှုဟာ မြန်ဆန်မှန်ကန်မှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်းကပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ အမှုပြီးပြတ်သည့် အမှုတွဲပေါင်း ၁၂၂  မှုရှိပြီး စစ်ဆေးရန် ကျန်ရှိအမှုတွဲ စုစုပေါင်း ၂၀၀ ကျော် ကျန်ရှိနေကြောင်း သိရသည်။

Most Read

Most Recent