<

မက်ဂွိုင်းယားကို ခေါ်ယူရန် မန်ယူအသင်းပြင်ဆင်နေသော်လည်း ပေါင်သန်း (၅၀)ခန့်ပေးရဖွယ်ရှိ

မန်ယူအသင်းသည် လက်စတာအသင်း၏အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူရန်ပြင်ဆင်နေသော်လည်း ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀)ခန့်ပေးရဖွယ်ရှိနေကြောင်း သိရသည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ဖီးလ်ဂျုံးစ်နှင့် စမောလင်းတို့၏နေရာတွင်အစားထိုးရန် မက်ဂွိုင်းယားကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး အသင်း၏ခံစစ်၌ အံဝင်မည့်ကစားသမားဟု ယုံကြည်နေသည်။လက်စတာအသင်းသည် ပြီးခဲ့သည့်ရာသီက မက်ဂွိုင်းယားကို ဟားလ်စီးတီးအသင်းမှခေါ်ယူခဲ့ရာတွင် ပေါင် (၁၇)သန်းသာ ပေးချေခဲ့ရသော်လည်း ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြသခဲ့သောခြေစွမ်းကြောင့် ခေါ်ယူရန်စိတ်ဝင်စားနေသည့်ကလပ်များစွာရှိနေပြီး ပြောင်းရွှေ့ကြေးမှာလည်း ပေါင်သန်း (၅၀)၀န်းကျင်ခန့်ရှိနေသည်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဂွိုင်းယားကို ပထမဆုံးအကြိမ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ခံစစ်တွင် ဝေါ်လ်ကာ၊ စတုန်းစ်တို့နှင့်အတူ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ခြင်းကြောင့် အင်္ဂလန်မီဒီယာများ၏ချီးကျူးမှုကိုခံခဲ့ရသည်။ မက်ဂွိုင်းယားသည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်းအတွက် ပရီးမီးယားလိဂ် (၃၈)ပွဲစလုံးပါဝင်ကစားပေးခဲ့ပြီး အင်္ဂလန်အသင်းတွင်လည်း လက်ရှိအချိန်အထိ (၁၁)ပွဲပါဝင်ကစားပေးထားသည်။

July 13, 2018














Copy Protected by Chetan's WP-Copyprotect.