အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်သဖြင့် ဒဏ်ရာရှိသူ ကျန်းမာရေးဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များ ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိ

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်သဖြင့် ဒဏ်ရာရှိသူ ကျန်းမာရေးဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များ ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိ
Published 25 August 2017

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်သဖြင့် ဘူးသီးတောင် ဖောင်တော်ပြင် ရဲစခန်းမှ ဒဏ်ရာရှိသူ ကျန်းမာရေး ဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များ ဘူးသီးတောင်ဆေးရုံသို့ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြောင်း သိရသည်။

ဖောင်တော်ပြင် စခန်းတိုက်ခိုက်ခံရမှုမှ ဒဏ်ရာရှိပြီး ဆေရုံရောက်ရှိလာသူ ကျန်းမာရေးဝန်ထမ်း ဦးဇော်မျိုးအောင်နှင့် ရဲတပ်သား သူရနိုင်တို့ ဘူးသီးတောင်မြို့ ဆေးရုံတွင် ဆေးကုသခံနေကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်စခန်းကို နံနက် ၃ နာရီခန့် ဘင်္ဂါလီ အကြမ်းဖက်သမားများက လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မောင်တောမြို့နယ် အလယ်သံကျော် နယ်မြေစခန်းအား နံနက်ပိုင်းက ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့ပြီး နခခ ၄ မှ ဒုလဝကမှူး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလယ်သံကျော် လဝကစခန်းကို ဘင်္ဂါလီ အကြမ်းဖက်သမားများ သိမ်းယူပြီး ခံကတုတ်ကျင်းပြုပြီး လုံခြုံရေး တပ်တွေကို ခုခံခဲ့ကြောင်း၊ တပ်မတော်မှ အင်အားတိုးချပြီး လဝကရုံးကို ပြန်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲ နယ်စပ်ရှိ မီးတိုက်ချောင်းဝကင်းစခန်းမှ နယ်ခြားရဲ ၂ ဦးကျဆုံးပြီး ၂ ဦး ဓါးဒါဏ်ရာဖြင့် တောင်ပြိုလက်ဝဲဆေးရုံ ရောက်နေကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ရဲစန်းတစ်ချို့ကို ဝိုင်းဝန်းတိုက်ခိုက်မှု ရှိနေဆဲဟု သိရသည်။

Most Read

Most Recent