<

အထောက်အထားမဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားများအား ဖမ်းဆီးမှုလျော့နည်းလာသော်လည်း မြန်မာဈေးသည်အများစု ဖမ်းဆီးခံနေရဆဲဖြစ်

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးခြင်း လျော့နည်းလာသော်လည်း မြန်မာဈေးသည်အများစု ဖမ်းဆီးခံရမှုများလာကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံးသို့ ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၏ ပန်ကြားမှုကြောင့် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရခြင်းမှ လျော့နည်းလာရခြင်း ဖြစ်သော်လည်း ရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်ခွင့်မရှိသော အလုပ်ကိုးမျိုး၌ ၀င်ရောက် လုပ်ကိုင်နေသူများအား ထိုင်းမှုခင်းရဲနှင့် လ၀ကရဲများက ဖမ်းဆီးနေခြင်းဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံ ကန်ချနပူရီရှိ နာနတ်သီးစက်ရုံတွင် လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၈၀၀ ကျော် ဇူလိုင် ၉ ရက်က ဖမ်းဆီးခံခဲ့ရသည်။

မြန်မာအလုပ်သမား အများအပြား ၀င်ရောက်လုပ်ကိုင်နေကြသည့် မဲဆောက်၊ မဟာချိုင်၊ စမောပရာကန်၊ ဖူးခက် စသည့်မြို့နယ်များရှိ ရွေ့လျားဈေးသည်များ၊ အထိုင်ဈေးသည်များ၊ ရွှေပန်းထိမ်လုပ်သူများ၊ ယာဉ်မောင်းများနှင့် အထွေထွေ လုပ်ငန်းလုပ်သူများ ဖမ်းဆီးခံနေရကာ ဇူလိုင် ၁၂ ရက်အထိ ဖမ်းဆီးခံရသူ ၃၀၀ ခန့်ရှိသည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

July 12, 2018














Copy Protected by Chetan's WP-Copyprotect.