<

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာတွင် နေရာ ၅ ခု၌ ပေါက်ကွဲမှုဖြစ်ပွား

သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းက ကြိမ်ချောင်းကျေးရွာတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများ နေရာ ၅ ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြိမ်ချောင်းရွာတွင် ပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာများမှာ ရွာလယ်လမ်းဆုံ ၊ဆေးရုံရှေ့၊ ငါးဈေးတန်း၊ အထကကျောင်းရှေ့နှင့် ရေကျော်တံတားအနီးတို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က”လောင်းဒုံစခန်းကို တိုက်ခိုက်နေချိန်မှာ နံနက် ၂ နာရီခွဲအချိန်ခန့်မှာ ကြိမ်ချောင်းကသွားတဲ့ လုံခြုံရေးကားကို ရွာအထွက် လမ်းကွေ့က ရေကျော်တံတားမှာ ဖောက်ခွဲမှု ဖြစ်တယ်။ တစ်နာရီလောက်အကြာမှာ ငါးဈေးတန်းမှာ ပေါက်တယ်။ နောက် ရဲစခန်းရှေ့ ရွာလယ်လမ်းဆုံမှာ ပေါက်တယ်။ အဲဒီနောက်မှာ အထကကျောင်းရှေ့မှာ ပေါက်တယ်။ နောက်ဆုံးအလုံးက နံနက် ၅ နာရီခန့်မှာ တိုက်နယ်ဆေးရုံရှေ့မှာ ပေါက်ပါတယ်။ အခု လုံခြုံရေးတွေ ရှင်းလင်းရေး လုပ်နေပါတယ်။”ဟုပြောသည်။

လက်ရှိ ကြိမ်ချောင်းကျေးရွာတွင် ပစ်ခတ်သံများ ရပ်တန့်သွားသော်လည်း ကျေးရွာသားများ ကြောက်လန့်နေပြီး နေအိမ်အပြင်ကို မထွက်ရဲကြသေးကြောင်း သိရသည်။

August 25, 2017














Copy Protected by Chetan's WP-Copyprotect.