မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ရဲစခန်းများကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ အင်အားသုံး လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အကျအဆုံးရှိကြောင်း သိရ

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ရဲစခန်းများကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ အင်အားသုံး လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အကျအဆုံးရှိကြောင်း သိရ
Published 25 August 2017

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် ၊ရသေ့တောင်မြို့နယ်အတွင်း ရဲစခန်းများကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက အင်အားသုံး လာရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး
လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အကျအဆုံးရှိကြောင်း သိရသည်။

မောင်တောမြို့နယ် မီးတိုက်ကင်းစခန်းမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်ရဲစခန်းမှ ရဲကင်းမှူး အရာရှိတစ်ဦး အပါအဝင်
အခြားအဆင့် တစ်ဦး စုစုပေါင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်စခန်းအား အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက သြဂုတ် ၂၄ ရက် ညအချိန် ဝင်ရောက်တိုက်ခိုက်ရန် ရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည့်အတွက် အလယ်သံကျော်ရှိ တိုင်းရင်းသားများအားလုံး နယ်မြေစခန်းတွင် သွားရောက်နေထိုင်ခဲ့ရကြောင်းနှင့် ည ၁၂ နာရီမှ စတင်ပြီး မောင်တော တောင်ပိုင်း ဂေါ်ဒူသာရကျေးရွာဘက်မှ ပေါက်ကွဲသံများ စတင်ထွက်ပေါ်လာကာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် မောင်တောမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများအား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

ိုမောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင်ကျေးရွာအုပ်စုအတွင်းလည်း အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများနှင့် တပ်မတော်၊ နယ်ခြားစောင့်များ၊ သြဂုတ် ၂၅ ရက်
နံနက် ၃ နာရီ ၄၀ မိနစ်အချိန်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံ့သာတောင်ကျေးရွာဘက်တွင်လည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ နံနက် ၄ နာရီခွဲအချိန်မှ ပစ်ခတ်မှု ရပ်တန့်သွားကြောင်း နံ့သာတောင်ဆရာတော်က မိန့်ကြားသည်။

"နံနက် ၃ နာရီ ၂၅ မှာ စလိုလောင်းဒုံ ရဲကင်းကို ဘင်္ဂါလီတွေ လာပစ်ခတ်တာ ဖြစ်တယ်။ ပစ်တာက အပြန်အလှန် ပစ်ကြတယ်။ ရွာမှာ အမျိုးသမီးတွေ ကလေးတွေ ငိုနေကြတာ မကြားဝံ့ဘူး။ မိုးလင်းမှ ပစ်ခတ်တာ ရပ်သွားတယ်။ ရွာသားတွေ ဘယ်ပြေးမလဲ စဉ်းစားနေရပြီ"ဟု လောင်းဒုံကျေးရွာသား ဦးကျော်ဝင်းက ပြောကြားသည်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ ဝိုင်ဝန်း တိုက်ခိုက်ခဲ့သည့် လောင်းဒုံ၊ နံ့သာတောင်၊ သီဟိုဠ်ခြံစခန်းတို့တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်း၊ ဖောင်တော်ပြင်စခန်းများလည်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

နံနက် ၄ နာရီအချိန်တွင် မောင်တောမြို့ ပတ်ပတ်လည်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၅ မှ ဘင်္ဂါလီတစ်ချို့ အော်ဟစ်ဆူညံလာခဲ့ကြောင်းလည်း သိရသည်။

နံနက် ၄ နာရီအချိန်တွင် ရသေ့တောင်မြို့နယ်ရှိ ချန်ခါလီစခန်း၊ ကိုးတန်ကောက် ရဲကင်းစခန်းများကိုလည်း အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ လာရောက်ပြီး လက်နက်များဖြင့် နံနက် ၄ နာရီကျော်ခန့်က ဝိုင်းဝန်း တိုက်ခိုက်သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

နံနက် ၅ နာရီအချိန်တွင် မောင်တောမြို့ အလယ်သံကျော် ရဲကင်းစခန်းကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက စတင်ပြီး အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်လာခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့များ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

တစ်ညတည်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ မောင်တောမြို့နယ်တွင် နံသာတောင်၊ အထက်ပြူမ ၊လောင်းဒုံ၊ သီဟိုခြံ၊ အီတလီယာ ၊ရပ်ကွက် (၅)၊ မောင်နီရွာ၊ ကညင်တန်း၊ မကျည်းချောင်း၊ ဂေါ်ဒူသာရ နှင့် အလယ်သံကျော် စသည့်ကင်းစခန်း ၁၀ ခုကျော်ခဲ့ပြီး ဘူသီးတောင်မြို့နယ်တွင် ဖောင်တောင်ပြင်၊ တောင်ဘဇာရဲစခန်းနှင့် ရသေ့တောင်မြို့နယ် ချိန်ခါလီ ၊
ကိုးတန်ကောက် စသည့် နယ်ခြားစောင့် ကင်းစခန်းများနှင့် ရဲကင်းစခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မောင်တောမြို့ပေါ် နဲ့ တောင်ပိုင်း ၊မြောက်ပိုင်း တစ်ညလုံး ပစ်ခံသံတွေ ကြားနေရလို့ လူတွေကြောက်လန့်ပြီး တစ်ညလုံး မအိပ်ကြဘူး။ အီတလီယာဘက်က နံနက် ၇ နာရီခွဲ အထိ အပစ်အခတ် မရပ်နိုင်းသေးပါဘူး"ဟု မောင်တောမြို့ခံ တစ်ဦးကပြောကြားသည်။

လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ရပြီး သေနတ် နှစ်လက် ပါသွားခဲ့ရကာ၊ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ခုနစ်ဦး၏ အလောင်းများ ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ကနဦးထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိအချိန်အထိ သတင်းအတိအကျ မသိရသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent