မြောက်ဥက္ကလာပမြို့နယ်တွင် ကိုယ်ပိုင်ယာဉ်တစ်စီးက YBS ယာဉ်တစ်စီးအား ဝင်တိုက်မှုဖြစ်ပွားပြီး နိုင်ငံခြားသားတစ်ဦးသေဆုံး

မြောက်ဥက္ကလာပမြို့နယ်တွင် ကိုယ်ပိုင်ယာဉ်တစ်စီးက YBS ယာဉ်တစ်စီးအား ဝင်တိုက်မှုဖြစ်ပွားပြီး နိုင်ငံခြားသားတစ်ဦးသေဆုံး
Published 9 July 2018

မြောက်ဥက္ကလာပမြို့နယ်တွင် ကိုယ်ပိုင်ယာဉ်တစ်စီးက YBS ယာဉ်တစ်စီးကို နောက်မှဝင်တိုက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် နိုင်ငံခြားသားတစ်ဦး သေဆုံးခဲ့ကြောင်း

ဇူလိုင် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ  ဇူလိုင် ၇ရက် နံနက် ၃နာရီခွဲ ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းအတိုင်း အဝိုင်းမီးပွိုင့်ဘက်မှ မယ်လမုဘုရားဘက်သို့ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်နေ ကုမ္ပဏီတစ်ခု၏မန်နေဂျာဖြစ်သော အိန္ဒိယနိုင်ငံသား Mrs.....(၃၉)နှစ် မောင်းနှင်ပြီး အခြားအိန္ဒိယနိုင်ငံသားတစ်ဦး လိုက်ပါစီးနင်းလာသည့် Alphard ယာဉ် သည် မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင် ရဲရိပ်သာရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေး၌ ရပ်ထားသည့် YBS ခရီးသည်တင် ယာဉ်တစ်စီးအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ယာဉ်တိုက်မိမှုကြောင့် ယာဉ် မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ အိန္ဒိယ နိုင်ငံသားနှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ယာဉ်မောင်း Mrs.......(၃၉)နှစ်မှာ လမ်းတွင်သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်လိုက် ပါလာသည့် အခြားအိန္ဒိယနိုင်ငံသားတစ်ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို မြောက်ဥက္ကလာပ မြို့မရဲစခန်းက ယာဉ်(ပ)၂၆/၂၀၁၈၊ ရာဇ သတ်ကြီး ပုဒ်မ ၃၀၄(က)/၃၃၈ ဖြင့် အမှုဖွင့် ကာ စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent