အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ် နှစ်ဝက်တာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း၂၃၂ ကြိမ်ဖြစ်ပွားပြီး လူ ၅၀ သေဆုံး

အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ် နှစ်ဝက်တာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း၂၃၂ ကြိမ်ဖြစ်ပွားပြီး လူ ၅၀ သေဆုံး
Published 9 July 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ နှစ်ဝက် ခြောက်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၂၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုများကြောင့် လူ ၅၀ သေဆုံး၍ ၄၉၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

မှတ်တမ်းများအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ယာဉ်တော်တဆမှုပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ငါးဦး၊ မ လေးဦး စုစုပေါင်းကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၄၇ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၈၃ ဦး၊ ဖေဖော်ဝါရီတွင် ယာဉ်မတော်တဆမှုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ခုနစ်ဦး၊ မ လေးဦး စုစုပေါင်း ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၃၉ ဦး၊ မ ၃၇ ဦး စုစုပေါင်း ၇၆ ဦး၊ မတ်လတွင် ယာဉ်မတော်တဆမှုပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား သုံးဦး၊ မ တစ်ဦး စုစုပေါင်း လေးဦးနှင့် ထိခိုက်ဒဏ် ရာရရှိသူ ကျား ၃၅ ဦး၊ မ ၂၇ ဦး စုစုပေါင်း ၆၂  ဦး၊ ဧပြီတွင် ယာဉ် မတော်တဆမှုပေါင်း ၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ၊ သေဆုံးသူ ကျား ရှစ်ဦး၊ မ လေးဦး စုစုပေါင်း ၁၂ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၆၈ ဦး၊ မ ၆၉ ဦး စုစုပေါင်း ၁၃၇ ဦး၊ မေလတွင် ယာဉ်မတော်တဆမှုပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ခြောက်ဦး၊ မ နှစ်ဦး စုစုပေါင်း ရှစ်ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ကျား ၄၄ ဦး၊ မ ၃၃ ဦး စုစုပေါင်း ၇၇ ဦး၊ ဇွန်လတွင် ယာဉ်မတော် တဆမှုပေါင်း အကြိမ် ၄၀ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ငါးဦး၊ မ တစ်ဦး စုစုပေါင်း  ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၂၉ ဦး၊ မ၂၆ ဦး စုစုပေါင်း ၅၅ ဦးရှိခဲ့ပြီး ဇန်နဝါရီမှ ဇွန်လကုန်အထိ ခြောက်လတာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၃၂ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ကျား ၃၄ ဦး၊ မ ၁၆ ဦး စုစုပေါင်း ၅၀ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၂၆၂ ဦး၊ မ ၂၂၈ ဦး စုစုပေါင်း ၄၉၀ အထိ ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

ယာဉ်မတော်တဆမှုနှုန်း မှတ်တမ်းများအရ ၂၀၁၈ ခုနှစ်အတွင်း၌ တစ်လလျှင် ပျမ်းမျှ ယာဉ်မတော်တဆမှုနှုန်း ၃၈ ကြိမ်ဖြစ်ပွား၍ တစ်လပျမ်းမျှသေဆုံးသူ ရှစ်ဦး၊ တစ် လပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိသူ ၈၁ ဦးရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ချုပ်စာရင်းအရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၅၅၅ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ကျား ၈၆ ဦး၊ မ ၂၃ ဦး စုစုပေါင်း ၁၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၄၈၂ ဦး၊ မ ၃၈၁ ဦး၊ စုစုပေါင်း ၈၆၃ ဦးရှိခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ချုပ်စာရင်းအရ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၀၅ ဦး၊ မ ၆၂ ဦး စုစုပေါင်း ၁၆၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇၈၄ ဦး၊ မ ၅၂၃ ဦး စုစုပေါင်း ၁၃၀၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု၊ ထိခိုက် သေဆုံးမှု နှစ်ချုပ်စာရင်းများ နှိုင်းယှဉ်ချက်အရ ၂၀၁၇ ခုနှစ်တွင်းဖြစ်စဉ်များမှာ၊၂၀၁၆ ခုနှစ်အတွင်း ဖြစ်စဉ်များအောက် လျော့နည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent