ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခု Terminal 1 သို့ ပြောင်းရွှေ့ုခြင်းကို ဇူလိုင်လကုန်အထိ ပြုလုပ်မည်ဖြစ်ပြီး သတင်းအချက်အလက်များအား ရန်ကုန်လေဆိပ်မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခု Terminal 1 သို့ ပြောင်းရွှေ့ုခြင်းကို ဇူလိုင်လကုန်အထိ ပြုလုပ်မည်ဖြစ်ပြီး သတင်းအချက်အလက်များအား ရန်ကုန်လေဆိပ်မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မည်
Published 8 July 2018

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေဆိပ်အဆောက်အအုံနှစ်ခုအား တစ်ဆက်တည်း ချိတ်ဆက်တည်ဆောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို Terminal 1 သို့ ပြောင်းရွှေ့ခြင်းအား ဇူလိုင်လကုန်အထိ ပြုလုပ်မည်ဖြစ်ပြီး ခရီးသည်များအတွက် လေကြောင်းလိုင်းဆိုင်ရာ သတင်းအချက်လက်များအား ရန်ကုန်လေဆိပ်က အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်မည်ဟု သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 2 မှ ပြည်ပလေ ကြောင်းလိုင်း ၁၁ ခုအား Terminal 1 သို့ အဆင့်ဆင့် ပြောင်းရွှေ့မည်ဖြစ်ပြီး Biman Bangladesh လေကြောင်းလိုင်းကို ဇူလိုင် ၇ ရက်တွင် ပထမဆုံး ပြောင်းရွှေ့မည်ဖြစ်ကြောင်း Yangon Aerodrome Company Ltd (YACL) က ဇူလိုင် ၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်သည့် လေဆိပ်အဆောက်အအုံနှစ်ခုအား တစ်ဆက်တည်း ချိတ်ဆက် တည်ဆောက်ရာတွင် Terminal 2 ရှိ ပြည်ပလေကြောင်းလိုင်းအားလုံး Terminal 1 သို့ အဆင့်ဆင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လေကြောင်းလိုင်းများအား ပြောင်းရွှေ့နေစဉ်ကာလအတွင်း ခရီးသည်များသည် လေကြောင်းလိုင်းဆိုင်ရာ အချက်အလက်များအတွက် လေဆိပ် Hot Line ဖုန်းဖြစ်သည့် ၀၁၉၆၇၀၇၇၇ သို့ ၂၄ နာရီ မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ပြီး ရန်ကုန်လေဆိပ်မှလည်း သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်မည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်သည့် Terminal 1 နှင့် 2 အားချိတ်ဆက်ခြင်း လုပ်ငန်းဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်း အပြီးသတ်နိုင်ရန်မှာ Terminal 2 ရှိလေဆိပ်ရုံးခန်းများ၊ လေကြောင်းလိုင်းများအား ခေတ္တပြောင်းရွှေ့ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပထမဆုံး Biman Bangladesh လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက်တွင် ပထမဆုံး ပြောင်းရွှေ့သွားမည်ဖြစ်ပြီး ကျန်ရှိသည့် လေကြောင်းလိုင်းများဖြစ်သည့် Air Asia၊ China Airlines၊ Jetstar Asia၊ Malaysia Airlines၊ Myanmar National Airlines၊ Nok Air၊ Qata Airways၊ Thai Airways International၊ Thai Smile Airlines နှင့် VieJet Air တို့အား ဇူလိုင်လကုန်အထိ ဆက်လက်ပြောင်းရွှေ့မည်ဟု သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့ နိုင်ငံတကာအဆင့်မီ လေဆိပ်တစ်ခုအဖြစ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးစားနေတာနဲ့အညီ ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို အခုလိုအနှစ်သာရ ပြည့်ဝတဲ့ အစီအစဉ်တွေနဲ့ တုံ့ပြန် ကြိုဆိုနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ Terminal 2 က အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေကို Terminal 1 ကို ပြောင်းရွှေ့မှာနဲ့အညီ အပြည်ပြည်ဆိုင်ရာ ခရီးသည်များကို ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Yangon Aerodrome Company Ltd (YACL) မှ Chief Operating Officer ဖြစ်သူ Mr. Jose Angeja က ရန်ကုန်လေဆိပ်သို့ ဝင်ရောက်သည့် ခရီးသည် သုံးသန်းပြည့်မြောက်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

Most Read

Most Recent