ပျောက်ဆုံးနေသည့် နဝမတန်းကျောင်းသူနှစ်ဦးအား ပဲခူးမြို့တွင် ပြန်လည်တွေ့ရှိ

ပျောက်ဆုံးနေသည့် နဝမတန်းကျောင်းသူနှစ်ဦးအား ပဲခူးမြို့တွင် ပြန်လည်တွေ့ရှိ
Published 8 July 2018

ဇူလိုင် ၂ ရက် ညနေပိုင်းက ပျောက်ဆုံးခဲ့သည့် နဝမတန်းကျောင်းသူနှစ်ဦးအား ခြောက်ရက်ကြာတွင် ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဇူလိုင် ၈ ရက်က သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂ ရက် ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက်တွင် နေထိုင်သည့် မမြသက်ကေခိုင် နှင့် မိန်းကလေး သူငယ်ချင်းတစ်ဦးဖြစ်သည့် မမြသော်သော်ဟန်တို့သည် ကျူရှင်သွားမည်ဟုဆိုကာ နေအိမ်မှထွက်သွားပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးခဲ့သည့် နဝမတန်းကျောင်းသူနှစ်ဦးမှာ ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က (၄) တွင် ပညာသင်ကြားနေသောသူများဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးပျောက်ဆုံးပြီးနောက် သက်ဆိုင်ရာမိသားစုက ကူညီရှာဖွေပေးရန် ဇူလိုင် ၅ ရက်တွင် လူမှုကွန်ရက်၌ အကူအညီတောင်းခံခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နဝမတန်းကျောင်းသူ ကလေးနှစ်ဦး ဘယ်လိုပျောက်ဆုံးကြောင်းကို ပဲခူး နန်းတော်ရာ ရပ်ကွက် ရပ်ကွက်ရုံးမှာ အကြောင်းစုံ စစ်ဆေးနေတုန်းပါ။ အသေးစိတ်ကို ပြန်လည် ထုတ်ပြန်ပေးပါမယ်”ဟု လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Most Read

Most Recent