7 July အထိမ်းအမှတ် အခမ်းအနား ထားဝယ်နှင့် မြိတ်မြို့တို့တွင် ကျင်းပ

7 July အထိမ်းအမှတ် အခမ်းအနား ထားဝယ်နှင့် မြိတ်မြို့တို့တွင် ကျင်းပ
Published 7 July 2018

မြိတ်မြို့တွင် 7 July အခမ်းအနား ကျင်းပနေစဉ်။ ဓါတ်ပုံ - ဇော်မိုးဦး(မြိတ်)

၅၆ နှစ်မြောက် 7 July အောက်မေ့သတိရဖွယ် အခမ်းအနားကို မြိတ်မြို့ ကန်ဖျားမြေနီလမ်းရှိ ထန်းလေးပင်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။ ထားဝယ်မြို့တွင်လည်း  7 July ဝမ်းနည်းကြေကွဲဖွယ်ရာနှင့် ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းထူထောင်ခြင်း (၆)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင် ၇ ရက် (ယနေ့) နံနက်က ထားဝယ်မြို့ရှိ မြို့မဂန့်ဂေါ်ပင်ကျောင်းတိုက်တွင် အစီအစဉ် ၈ ခုဖြင့် ကျင်းပခဲ့ပြီး ထားဝယ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ၊ ကျောင်းသားများ၊ ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားမစတင်မီ သံဃာတော်များအား အာရုံဆွမ်းကပ်လှူ၍ ကျဆုံးခဲ့သာကျောင်းသားများကို အမျှဝေခဲ့ပြီးနောက် ကျောင်းသားသမဂ္ဂအလံတော်နှင့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားဇာနည်များကို အလေးပြုခဲ့ကြပြီး ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့မှ 7 July သီချင်းကို သီဆိုခဲ့ကာ အမှတ်တရစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသားသမဂ္ဂ၏ လှှုပ်ရှားမှုများနှင့် ဒီမိုကရေစီပညာရေး ရရှိရန်တိုက်ပွဲဝင်ခဲ့သည့် ဓါတ်ပုံများပြသထားခဲ့ပြီး 7 July အမှတ်တရ ကဗျာရွတ်ဆိုမှုများ ပြုလုပ်ခဲ့သည်။

ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ 7 July အထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။

Most Read

Most Recent