အန်ဒရေဂိုးမက်စ်ကို ခေါ်ယူရန် ရမ်ဆေးအား အာဆင်နယ်ရောင်းချသွားမည်ဟု သတင်းထွက်

အန်ဒရေဂိုးမက်စ်ကို ခေါ်ယူရန် ရမ်ဆေးအား အာဆင်နယ်ရောင်းချသွားမည်ဟု သတင်းထွက်
Published 7 July 2018

အာဆင်နယ်အသင်းသည် ဘာစီလိုနာကွင်းလယ်လူ အန်ဒရေဂိုးမက်စ်ကိုခေါ်ယူရန် ရမ်ဆေးအား ရောင်းချသွားမည်ဟု ဗြိတိန်အခြေစိုက်
Independent သတင်းစာက ဖော်ပြခဲ့ကြောင်း သိရသည်။

 

Photo: Getty Images

 

အာဆင်နယ်နည်းပြသစ် အမ်မရီသည် အန်ဒရေဂိုးမက်စ်၏ကစားဟန်ကို နှစ်သက်သဘောကျသူဖြစ်ပြီး အသင်းသို့ခေါ်ယူရန်ဆန္ဒရှိနေသည်။ ထို့အပြင် ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီကလည်း လာမည့်ရာသီ၎င်း၏အစီအစဉ်တွင် ဂိုးမက်စ်မပါဝင်ကြောင်းပြောကြားထားရာ အာဆင်နယ်အနေဖြင့် ထိုက်သင့်သည့်ကမ်းလှမ်းမှုပြုလုပ်လာပါက လက်ခံသွားဖွယ်ရှိနေသည်။ ဘာစီလိုနာအသင်းသည် လက်ရှိအချိန်တွင် ဂိုးမက်စ်အား တစ်နှစ်လစာ ယူရို (၄)သန်းပေးချေနေရပြီး ပုံမှန်ခြေစွမ်းမပြသည့်အတွက် ရောင်းချရန်စီစဉ်လျက်ရှိသည်။

 

Photo : Getty Images

Independent သတင်းစာ၏ရေးသားဖော်ပြချက်အရ အာဆင်နယ်အသင်းသည် ရမ်ဆေးအား ရောင်းချဖြစ်ခဲ့ပါက ဂိုးမက်စ်ကို ယူရိုသန်း (၃၀)ဖြင့် ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းသည် ဂိုးမက်စ်အား ဗလင်စီယာမှ ယူရို (၃၅)သန်းဖြင့် ခေါ်ယူခဲ့ရာ အာဆင်နယ်အသင်းအနေဖြင့် ယူရိုသန်း (၃၀)ဖြင့် ကမ်းလှမ်းပါက လက်ခံစဉ်းစားဖွယ်ရှိနေသည်။

ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ အန်ဒရေဂိုးမက်စ်အား ခေါ်ယူရန် အာဆင်နယ်အသင်းသာမက ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် စပါးနှင့် တန်းတက် ဝုလ်ဗ် အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent