ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ အဆိုစုစုပေါင်း ၉၃ ခု လွှတ်တော်သို့ တင်သွင်းရာ၌ မှတ်တမ်းတင်ခဲ့သည့်အဆို ၄၉ ခုနှင့် အတည်မပြုသည့်အဆို လေးခုရှိ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ အဆိုစုစုပေါင်း ၉၃ ခု လွှတ်တော်သို့ တင်သွင်းရာ၌ မှတ်တမ်းတင်ခဲ့သည့်အဆို ၄၉ ခုနှင့် အတည်မပြုသည့်အဆို လေးခုရှိ
Published 6 July 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ အဆိုစုစုပေါင်း ၉၃ ခု လွှတ်တော်သို့ တင်သွင်းရာ၌ မှတ်တမ်းတင်ခဲ့သည့်အဆို ၄၉ ခုနှင့် အတည်မပြုသည့်အဆို လေးခုရှိကြောင်း ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမ ပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ အဆိုများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်က ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ အဆိုစုစုပေါင်း ၉၃ ခု လွှတ်တော်သို့ တင်သွင်းခဲ့ရာတွင် အတည်ပြုခဲ့သည့်အဆို ၃၇ ခု၊ မှတ်တမ်းတင်ခဲ့သည့် အဆို ၄၉ ခု၊ အတည်မပြုခဲ့သည့်အဆိုလေးခု၊ ရုပ်သိမ်းခဲ့သည့် အဆိုတစ်ခုနှင့် ဆက်လက်ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည့်အဆို နှစ်ခုရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း အဆို ၁၂ ခု၊ ဒုတိယပုံမှန်အစည်းအဝေး၌ အဆို ၁၆ ခု၊ တတိယပုံမှန်အစည်းအဝး၌ အဆိုခြောက်ခု၊ စတုတ္ထပုံမှန်အစည်းအဝေး၌ ၁၁ ခု၊ ပဉ္စမပုံမှန်အစည်းအဝေး၌ အဆို ၂၃ ခု၊ ဆဋ္ဌမပုံမှန်အစည်းအဝေး၌ အဆိုခုနစ်ခု၊ သတ္တမပုံမှန်အစည်းအဝေး၌ အဆိုကိုးခုနှင့် အဋ္ဌမပုံမှန် အစည်းအဝေးတွင် အဆိုကိုးခု စုစုပေါင်း အဆို ၉၃ ခု တင်သွင်းထားသည်။

ထို့ပြင် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးအထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်ထားသည်။

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေး စုစုပေါင်း ၂၄၉ ရက်အတွင်း မေးခွန်းဖြေဆိုမှုပေါင်း ၆၀၀၅ ခုရှိကြောင်း ထုတ်ပြန်ထားသည်။