မြိုင်မြို့နယ်အတွင်း တရားမဝင်သစ် သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ဒေသခံများက ဖမ်းဆီးပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့

မြိုင်မြို့နယ်အတွင်း တရားမဝင်သစ် သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ဒေသခံများက ဖမ်းဆီးပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့
Published 2 July 2018

ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ဇွန် ၃၀ ရက် ညပိုင်းက တရားမဝင်သစ် သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနနှင့် ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် ညောင်ပင်လယ်ကျေးရွာနှင့် ဗလင်းတိုက်နယ်ကြားလမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်လာသည်ဟု သတင်းရရှိသည့်အတွက် ဒေသခံခြောက်ဦးခန့်က တရားမဝင်သစ် တင်ဆောင်လာသည့် ယာဉ်အား စောင့်ဆိုင်းဖမ်းဆီးပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

“အရင်ကလည်း ပြည်သူတွေက သတင်းပေးတယ်။ သက်ဆိုင်ရာဌာနကို သတင်းပေးတော့ ဖမ်းဆီးခြင်းမရှိတဲ့အတွက် ခုပြည်သူတွေက သစ်မှောင်ခိုတင်လာတဲ့ ကားကိုစောင့်ပြီး ဖမ်းလိုက်တာပါ။ ဖမ်းပြီး သစ်တောကို အပ်လိုက်ပါတယ်” ဟု သစ်ဖမ်းဆီးရာတွင် ပါဝင်သူ မြိုင်မြို့နယ်မှ ကိုမြင့်နိုင်က ပြောကြားသည်။ တရားမဝင်သစ် တင်ဆောင်လာသည့် ယာဉ်အမှတ် 2A/ - - - - ၊ ခြောက်ဘီးယာဉ်ပေါ်မှ ပိတောက်သစ်အမျိုးအစား စကွဲယားတုံး ၇၃ တုံးနှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့ပြီး မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent