ကုန်သွယ်မှု မြင့်တက်လာသည့် မြဝတီနယ်စပ်မှ နှစ်လခွဲအတွင်း အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၈၂၇ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၂ ဒသမ ၀၇၃ သန်း ပိုမို

ကုန်သွယ်မှု မြင့်တက်လာသည့် မြဝတီနယ်စပ်မှ နှစ်လခွဲအတွင်း အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၈၂၇ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၂ ဒသမ ၀၇၃ သန်း ပိုမို
Published 2 July 2018

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ် တစ်နေရာအား တွေ့ရစဉ်

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ် နှစ်လခွဲအတွင်း အမေရိကန် ဒေါ်လာသန်း ၁၅၈ ဒသမ ၈၂၇ သန်း ကုန်သွယ်နိုင်ခဲ့ကာ ယခင်နှစ်ကာလတူထက်ဒေါ်လာ ၂၂ ဒသမ ၀၇၃ သန်း ပိုမိုကုန်သွယ်ထားကြောင်း သိရသည်။

မြဝတီနယ်စပ်စခန်းမှ ယခုနှစ်တွင် ပို့ကုန်ရော သွင်းကုန်ပါ ကုန်သွယ်မှု ကုန်စည်စီးဆင်းမှု မြင့်တက်လာခဲ့ကာ ဘဏ္ဍာနှစ်သစ် နှစ်လခွဲအတွင်း ပို့ကုန်ရော သွင်းကုန်ပါ ယခင်နှစ်ကာလတူထက် မြင့်တက်လာခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဌာနှစ်အစတွင် မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှု မြင့်တက်လာပြီး ဧပြီ ၁ ရက်မှ ဇွန် ၁၅ ရက်ထိ ပြည်တွင်းဈေးကွက်သို့ ထိုင်းကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၁၅၈ သန်းဖိုး တင်သွင်းထားပြီး ယခင်နှစ်က တင်ပို့ခဲ့သည့် ၁၄၇ ဒသမ ၁၈၃ သန်း တင်သွင်းခဲ့သည့် ကာလတူထက် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉၇၅ သန်း ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

အရှေ့အနောက် စီးပွားရေးစြင်္ကံမှာ တည်ရှိသည့် မြဝတီနယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ်ပစ္စည်းများနှင့် သစ်သီးပျိုးပင်များလည်း တင်သွင်းခဲ့သည်။ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်များ၊ စားသုံးဆီများ တင်သွင်းလျက်ရှိသည်။ ထို့အတူ သစ်ပင်ပျိုးပင်မျိုးစုံနှင့် ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသော အသီးမျိုးစုံ၊ အရွက်မျိုးစုံတို့ကိုလည်း တင်သွင်းလျက်ရှိသည်။

ထို့ပြင် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ၊ အခွန်ဒဏ်ကြေးဆိုင်ရာ အပြောင်းအလဲများကြောင့် မော်တော်ယာဉ်တင်သွင်းမှု မရှိသလောက် နည်းပါးနေသော်လည်း ဂျပန်တစ်ပတ်ရစ် Without Car များ၊ ဘီယာမျိုးစုံ၊ အေးခဲအသားနှင့် ကြက်နှင့် ကြက်ထွက် အသည်း၊ နှလုံး ပါကင်ထုပ်များကို ဇုန်ရှောင်ကွင်းကာ နားလည်မှု လမ်းကြောင်းမှ တရားမဝင် တင်သွင်းလျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြည်တွင်းထွက်ကုန် ရေထွက်ပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများ ထိုင်းနိုင်ငံသို့ တင်ပို့မှာ ဇွန် ၁၅ ရက်ထိ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၄၂ သန်း တင်ပို့ခဲ့သည့်အတွက် ယခင်နှစ်ကာလတူက တင်ပို့ခဲ့သည့် ကန်ဒေါ်လာ ၁၁ ဒသမ ၆၄၄ သန်းထက် ကန်ဒေါ်လာ ၄ ဒသမ ၀၉၈ သန်း ပိုမိုတင်ပို့ခဲ့သော်လည်း ထိုင်းကုန်စည်တင်သွင်းမှုထက် ၁၀ ဆကျော် လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။

ပြည်တွင်ထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်းနှင့် လယ်ယာထွက်ပစ္စည်းများ၊ နှမ်း၊ နနွင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲနှင့်ကြံများ တရားဝင် တင်ပို့ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံသား အကျိုးစီးပွားကာကွယ်သည့် အနေဖြင့် ပြောင်းဖူးကို အဖူးထွက်ချိန်တွင် တင်ပို့ခွင့်မရှိဘဲ နှစ်လကြာချိန်မှ တင်ပို့ရသည့်အတွက် မြန်မာတောင်သူများ များစွာနစ်နာသလို မြန်မာ့ဆန်နှင့် ကျွဲ၊ နွား အပါအဝင် ကုန်ပစ္စည်းအများစုမှာ တရားဝင်တင်ပို့ရန် ခက်ခဲနေပြီး သောင်ရင်းမြစ်ဖြတ်ကျော် ဂိတ်များမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့လျက်ရှိကြောင်း သိရသည်။

Most Read