လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ရပ်များကို ရပ်တန့်ပေးရန် တအန်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ရပ်များကို ရပ်တန့်ပေးရန် တအန်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
Published 1 July 2018

မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို နိုင်ငံတကာဥပဒေဖြစ်သည့် ဂျီနီဗာကွန်ဗင်းရှင်းပါအချက်များကို လေးစားလိုက်နာရန်နှင့် ပြည်သူလူထုကို ထိခိုက်နစ်နာစေမည့် လုပ်ရပ်များကို ရပ်တန့်ပေးရန် တအန်းအရပ် ဘက်အဖွဲ့အစည်းများဖြစ်သည့် တအန်းအမျိုးသမီ းအဖွဲ့အစည်း၊ တအန်းကျောင်းသား နှင့် လူငယ်များအဖွဲ့နှင့် တအန်းဥပဒေအ ထောက်အကူပြုအဖွဲ့တို့က ဇွန် ၂၉ ရက်တွင် ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန် သည်။

ဇွန် ၂၈ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်အွမ် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ်တစ်ဦး သေဆုံးကာ လူကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တအန်းအရပ်ဘက်အဖွဲ့အစည်းသုံးခုက ယခုပူးတွဲသဘော ထားကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ယင်းဖြစ်စဉ်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး လူကိုးဦး ဒဏ်ရာရရှိခဲ့သည့်အ ပြင်  လူနေအိမ် ၁၀ လုံးလည်း ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည့်အတွက် အထူးဝမ်းနည်းမိကြောင်းနှင့်ယင်းလုပ်ရပ်အပေါ် ကန့်ကွက် ရှုတ်ချကြောင်း တအန်းအရပ်ဘက်အဖွဲ့အစည်းများက ကြေညာသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ကိုးဦးအနက် ခြောက်ဦးမှာ လားရှိုးခုတင် ၁၀၀ ဆံ့ တပ်မတော်ဆေး ရုံတွင် ဆေးဝါးကုသမှုခံယူနေပြီး အဆိုပါ ခြောက်ဦးထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ဦး၊ ပထမတန်းကျောင်းသားတစ်ဦးနှင့် အခြားတစ်ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စိုးရိမ်ရကြောင်း တအန်းအရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကုစားပေးရန်၊ ပျက်စီးဆုံးရှုံးသွားသော နေအိမ်များကို ပြန်လည်တည်ဆောက်ပေးရန်၊ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးအ ကောင်အထည်ဖော်ဆောင်ရွက်ပေးရန်ကိုလည်း တအန်းအရပ်ဘက်အဖွဲ့အစည်းများက ယခုပူးတွဲကြေညာချက်တွင် တောင်းဆိုထားသည်။

ဒုတိယတန်းကျောင်းသား ကလေးငယ်တစ်ဦး သေဆုံးပြီး လူကိုးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အဆိုပါ ပစ်ခတ်မှုကို တပ်မတော်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) စွပ်စွဲထားကာ ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်က မည်သည့် သတင်းထုတ်ပြန်ချက်မျှမရှိသေးပေ။

Most Read

Most Recent