မောင်တော အဝေးသင်ဌာနခွဲတွင် မြန်မာစာနှင့် သမိုင်းဘာသာရပ် ပို့ချမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသူကျောင်းသားများ စာရင်းပေးနိုင်ပြီဖြစ်

မောင်တော အဝေးသင်ဌာနခွဲတွင် မြန်မာစာနှင့် သမိုင်းဘာသာရပ် ပို့ချမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသူကျောင်းသားများ စာရင်းပေးနိုင်ပြီဖြစ်
Published 29 June 2018

မောင်တော အဝေးသင်ဌာနခွဲတွင် မြန်မာစာနှင့် သမိုင်းဘာသာရပ် ပို့ချမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသူကျောင်းသားများ စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“စဖွင်တဲ့ အခုနှစ်မှာတော့ မြန်မာစာနဲ့ သမိုင်းကို ပို့ချမယ်။ အရင်က တက်နေပြီး ကျောင်းနဲ့ အဆက်ပြတ်နေတဲ့ သူတွေ၊ အသစ်တက်မယ့်သူတွေ၊ ဒီနှစ် ဆယ်တန်းအောင်တဲ့သူတွေ အဝေးသင်တက်မယ့် သူတွေဟာ ဒီမှာ စာရင်းလာပေးရမယ်။ လျှောက်လွှာ ဖြည့်တင်ရမယ်။ ဆရာ ဆရာမတွေလည်း မောင်တောမှာ လာပို့ချမယ်။ စာမေးပွဲလည်း မောင်တောမှာ ဖြေရမယ်။ စစ်တွေကို သွားစရာမလိုဘဲ ဒီမှာ အားလုံး ဆောင်ရွက်ရမယ်” ဟု မောင်တောခရိုင် ပညာရေးမှူးက ပြောကြားသည်။

မောင်တောခရိုင်အတွင်းမှ ဘင်္ဂါလီ ကျောင်းသားများအတွက် အဓိကရည်ရွယ် ဖွင့်လှစ်မည့် အဝေးသင်ဌာနခွဲကို မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့်အဖွဲ့သည် ဇွန် ၂၇ ရက် နံနက် ၁၀ နာရီခွဲက မောင်တောမြို့ အထက(၁) အစည်းအဝေး ခန်းမတွင် မောင်တောဒေသအတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသားများ၊ လက်ရှိ အဝေးသင် ပထမနှစ်နှင့် ဒုတိယနှစ် တက်ရောက်နေကြသည့် ရခိုင်တိုင်းရင်းသား ကျောင်းသားများ၊ ဘင်္ဂါလီ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ မောင်တောမြို့ မြို့သူကြီးရှိ ခရိုင်ပညာရေးမှူးရုံးတွင် ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ပထမဆုံး အဝေးသင်ဌာနခွဲ (မြန်မာနှင့်သမိုင်း) ဖွင့်လှစ်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

အလားတူ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့်အဖွဲ့သည် ဘူးသီးတောင် အထကကျောင်းရှိ မေယုရတနာခန်းမတွင် တက္ကသိုလ်ဝင်တန်းအောင်နှင့် အဝေးသင်တက္ကသိုလ် တစ်ပိုင်းတစ်စ တက်ရောက်ပြီးသူ ဘင်္ဂါလီ ကျောင်းသား ၂၅၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Most Read

Most Recent