မြန်မာ့ ကျွမ်းကျင်လုပ်သားများ ပြည်တွင်းသို့ ပြန်ဝင်လာရန် ပြည်တွင်း ထိပ်တန်းကုမ္ပဏီများ စင်ကာပူသို့ သွားရောက်ပြီး အလုပ်နေရာ ထောင်နှင့်ချီ ခေါ်ယူမည်

မြန်မာ့ ကျွမ်းကျင်လုပ်သားများ ပြည်တွင်းသို့ ပြန်ဝင်လာရန် ပြည်တွင်း ထိပ်တန်းကုမ္ပဏီများ စင်ကာပူသို့ သွားရောက်ပြီး အလုပ်နေရာ ထောင်နှင့်ချီ ခေါ်ယူမည်
Published 29 June 2018

မြန်မာ့ ကျွမ်းကျင်လုပ်သားများ ပြည်တွင်းသို့ ပြန်ဝင်လာရန် ပြည်တွင်း ထိပ်တန်းကုမ္ပဏီများ စင်ကာပူသို့ သွားရောက်ပြီး အလုပ်နေရာ ထောင်နှင့်ချီ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာသို့ ရောက်ရှိနေသော ကျွမ်းကျင်လုပ်သားများကို ပြည်တော်ပြန်လာပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းမှ ထိပ်တန်းကုမ္ပဏီကြီးများနှင့်အတူ JobNet.com.mm ပူးပေါင်းပြီး အလုပ်နေရာ ထောင်နှင့်ချီ ခေါ်ယူမည်ဖြစ်သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲကို စင်ကာပူနိုင်ငံရှိ Raffle City Convention Centre တွင် ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြုလုပ်မည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ တိုက်ရိုက် အချိုးကျနေတယ် ဆိုတာကို အပြည့်အ၀ ယုံကြည်ထားပါတယ်။ ဒါကြောင့်ပဲ နိုင်ငံအတွင်းကို ကျွမ်းကျင်လုပ်သားတွေ ပြန်လည် ရောက်ရှိလာပြီး နိုင်ငံစီးပွားရေး တိုးတက်ရာမှာ အထောက်အကူပြုဖို့အတွက် ဒီလို အလုပ်အကိုင်ပြပွဲမျိုးကို ကျင်းပတာပဲ ဖြစ်ပါတယ်” ဟု JobNet.com.mm ၏ အမှုဆောင်အရာရှိချုပ် Mr Justin Sway က ပြောကြားသည်။

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ပြီး ပြုလုပ်သည့် အဆိုပါ အလုပ်အကိုင်ပြပွဲတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီကြီးများက အလုပ်အကိုင် နေရာပေါင်း ၂၀၀၀ ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း JobNet.com.mm မှ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Matt De Luca က ပြောကြားသည်။

စက်မှုကုန်ထုတ်၊ အုပ်ချုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ စာရင်းအင်းပညာ၊ အင်ဂျင်နီယာ၊ သတင်းအချက်အလက် နည်းပညာ Information Technology ၊ ဈေးကွက်စီမံခန့်ခွဲခြင်း၊ လူထုဆက်ဆံရေး၊ ဈေးကွက် အရောင်းကျွမ်းကျင် စသည့် ကဏ္ဍများအတွက် အလုပ်အကိုင်များကို ခေါ်ယူမည်ဟု JobNet.com.mm မှ သိရသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲသို့ ထိပ်တန်း ကုမ္ပဏီများဖြစ်သည့် CB Bank , CDSG, MPT, Myanmar Net, MPRL, RMA နှင့် Oway တို့ အပါအဝင် ကုမ္ပဏီပေါင်း ၂၀ ဝန်းကျင်ခန့်က ၎င်းတို့ ကုမ္ပဏီအတွက် အလုပ်အကိုင်များကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ခေါ်ယူမည်ဖြစ်ပြီး ပြပွဲလာရောက်သူများ အနေဖြင့် JobNet.com.mm မှ ထောင်ပေါင်းများစွာသော အလုပ်အကိုင်များကိုလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent