လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အလိုရှိသည့်တရားခံပြေးတစ်ဦး ဘားအံမြို့တွင် ဖမ်းဆီးရမိ

လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အလိုရှိသည့်တရားခံပြေးတစ်ဦး ဘားအံမြို့တွင် ဖမ်းဆီးရမိ
Published 26 June 2018

ဘားအံမြို့နယ် အိန္ဒုနယ်မြေရဲစခန်းမှ လူသတ်မှုဖြင့်လည်းကောင်း၊ ဘားအံမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးအမှုတို့ဖြင့်လည်းကောင်း အလိုရှိနေသည့် တရားပြေးတစ်ဦးအား ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ဖမ်းဆီးရာ ဇွန် ၂၄ ရက် မွန်းလွဲပိုင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦး ဦးစီးအဖွဲ့နှင့် ဘားအံမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မျိုးကျော် ဦးစီးပူးပေါင်းအဖွဲ့သည် လူသတ်မှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် အလိုရှိသည့် တရားခံပြေးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေအမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်၊ အဖွဲ့ဝင် ဦးမြင့်သန်းတို့နှင့်အတူ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ တရားခံပြေး ဝေဇင်ထွန်း (ခ) လူခွေး (ခ)ငပိန် (၂၂ နှစ်) အား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရားခံပြေး  ဝေဇင်ထွန်း (ခ) လူခွေး (ခ) ငပိန်(၂၂ နှစ်) မှာ အိန္ဒုနယ်မြေရဲစခန်းမှ  (ပ)၂/၂၀၁၅၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄/ကျင့် ၅၁၂ (လူ သတ်မှု၊ အပြင်းအထန်နာကျင်စေမှု၊ အားပေး ကူညီမှု) တို့ဖြင့်လည်းကောင်း၊ ဘားအံမြို့ မရဲစခန်းက မယ (ပ) ၁/၂၀၁၅၊  (မူးယစ်ဆေး ဝါးသုံးစွဲမှု ဖြန့်ဖြူးရောင်းချမှု) တို့ဖြင့် အလိုရှိနေသည့် တရားခံပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် တရားစွဲတင်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent