အင်တာမီလန်အသင်းနှင့် ဆေးစစ်ခံရန် မီလန်မြို့သို့ နိုင်ဂိုလန် ရောက်ရှိနေ

အင်တာမီလန်အသင်းနှင့် ဆေးစစ်ခံရန် မီလန်မြို့သို့ နိုင်ဂိုလန် ရောက်ရှိနေ
Published 25 June 2018

အင်တာမီလန်အသင်းနှင့် ဆေးစစ်မှုခံယူရန် မီလန်မြို့သို့ ရောက်ရှိလာသည့် ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်အား တွေ့ရစဉ် (Photo: Twitter)

ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်သည် ဆေးစစ်ခံရန်အတွက် မီလန်မြို့သို့ ရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းသည် ရိုးမားအသင်းမှ ဘယ်လ်ဂျီယံကွင်းလယ်လူ နိုင်ဂိုလန် (၃၀ နှစ်)အား ယူရို(၂၄)သန်းအပြင် နောက်ခံလူ ဆန်တွန်နှင့် လူငယ်ကစားသမား ဇာနီယိုလိုတို့ကို အလိုက်ပေးကာ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ အသင်းနှင့် ဆေးစစ်ခံရန် နိုင်ဂိုလန်သည် မီလန်မြို့သို့ ရောက်ရှိနေကြောင်း အီတလီသတင်းစာ Football Italia က ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်းသည် နိုင်ဂိုလန်ကို ယနေ့တွင် ဆေးစစ်သွားမည်ဖြစ်ပြီး တစ်နှစ်လစာ ပေါင်(၃.၉)သန်းအထိ ပေးချေမည်ဖြစ်ကြောင်း သိရသည်။

Photo: AFP

မီလန်မြို့သို့ ရောက်ရှိနေသည့် နိုင်ဂိုလန်သည် ၎င်းအား လာရောက်ကြိုဆိုကြသည့် ပရိသတ်များကို နှုတ်ဆက်ခဲ့ပြီး "ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် အင်တာမီလန်အသင်းအတွက် ကစားတဲ့အခါမှာလည်း ပရိသတ်တွေ ပိုပျော်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

နိုင်ဂိုလန်သည် ၂၀၁၄ ခုနှစ်တွင် ရိုးမားအသင်းသို့ ကက်ဂလီယာရီအသင်းမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၀၁)ပွဲတွင် (၃၃)ဂိုး သွင်းယူပေးခဲ့ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းနောက်ခံလူ ဆန်တွန်နှင့် လူငယ်ကစားသမား ဇာနီယိုလိုတို့မှာလည်း ယနေ့တွင် ရိုးမားအသင်းနှင့် ဆေးစစ်ခံယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent