ပွဲထွက်ကစားခွင့်ရရန် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာမည်ဟု ကိုဗာချစ် ပြောကြား

ပွဲထွက်ကစားခွင့်ရရန် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာမည်ဟု ကိုဗာချစ် ပြောကြား
Published 24 June 2018

Photo: AFP

ရီးယဲလ်မက်ဒရစ်အသင်းမှ ခရိုအေးရှားကွင်းလယ်လူ ကိုဗာချစ်က ၎င်းအနေဖြင့် ပွဲထွက် ကစားခွင့်ရရှိရေးအတွက် ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။

ကိုဗာချစ်(၂၄ နှစ်)သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေခြင်းကို စိတ်ပျက်နေပြီး ပုံမှန်ပွဲထွက်ခွင့် ရနိုင်သည့် အသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားမည်ဟုလည်း ဆိုခဲ့သည်။

ကိုဗာချစ်က "ကျွန်တော်က ပွဲတွေအများကြီး ကစားချင်ပါတယ်။ ပွဲကစားခွင့်ရဖို့ဆိုရင် ရီးယဲလ်မက်ဒရစ်က ထွက်ခွာမှ ဖြစ်မှာပါ။ ကျွန်တော် ဘောလုံးကို ချစ်တယ်။ ဘောလုံးကွင်းထဲမှာ ရှိနေရတာကို ကြိုက်တယ်။ အခြားအသင်းတစ်သင်းသင်းမှာ ပွဲထွက်ကစားခွင့်ရချင်ပါတယ်"ဟု ပြောဆိုခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ကိုဗာချစ်ကို ပေါင်(၄၄)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပြိး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ် ထိပ်သီးများဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Most Read

Most Recent