၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် အခွန်ဥပဒေပြောင်းလဲမှုများအကြောင်း အဓိကဆန်းစစ် တင်ပြသွားမည်

၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် အခွန်ဥပဒေပြောင်းလဲမှုများအကြောင်း အဓိကဆန်းစစ် တင်ပြသွားမည်
Published 21 June 2018

၂၀၁၉ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် အခွန်ဥပဒေပြောင်းလဲမှုများအကြောင်း အဓိကဆန်းစစ် တင်ပြသွားမည်ဖြစ်ကြောင်း Oxford Business Group-OBG မှ သတင်းထုတ်ပြန်ထားသည်။

OBG နှင့် Win Consulting တို့အကြား ဆဋ္ဌမအကြိမ်မြောက် နားလည်မှု စာချွန်လွှာတစ်ခုကို OBG မှ မကြာမီထုတ်ဝေမည့် အစီရင်ခံစာအတွက် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာအရ Win Consulting သည် The Report: Myanmar 2019 အစီရင်ခံစာ၏ အခွန်ကောက်ခံမှုဆိုင်ရာ အခန်းခွဲအား ရေးသားရာတွင် OBG အား ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ကာလရှည် မိတ်ဖက်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တာနဲ့ အညီ Win Consulting ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲလာတဲ့ အခွန်ကောက်ခံမှု စနစ်နဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရင်းနှီးမြှုပ်နှံသူတွေအပေါ် ဘယ်လိုမျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တင်ပြချက်တွေကို ပိုမိုအားဖြည့် ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု OBG ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Naiade Freitas က ပြောကြားသည်။

The Report: Myanmar 2019 တွင် Oxford Business Group မှ သုတေသနအဖွဲ့၏ ၁၀ လကျော် ပြုလုပ်ထားသည့် ဆန်းစစ် လေ့လာချက်များ ပါဝင်မည်ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် Macroeconomics၊ အခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်းနှင့် အခြားသော ကဏ္ဍအလိုက် တိုးတက်မှုများ အပါအဝင် စီးပွားရေးကဏ္ဍတစ်ခုလုံး၏ ဦးတည်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ခန့်မှန်းချက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပူးတွဲထုတ်ပြန်သွားမည်ဖြစ်ပြီး Win Consulting၊ Kelvin Chia Yangon နှင့် Parami Energy တို့မှလည်း ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent