အရှေ့တောင်အာရှနိုင်ငံများတွင် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုမှာ ကမ္ဘာ့ဈေးကွက်၌ ၂၅ ရာခိုင်နှုန်းနီးပါး နေရာယူထားကြောင်း သိရ

အရှေ့တောင်အာရှနိုင်ငံများတွင် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုမှာ ကမ္ဘာ့ဈေးကွက်၌ ၂၅ ရာခိုင်နှုန်းနီးပါး နေရာယူထားကြောင်း သိရ
Published 20 June 2018

အရှေ့တောင်အာရှနိုင်ငံများတွင် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုမှာ ကမ္ဘာ့ဈေးကွက်၌ ၂၅ ရာခိုင်နှုန်းနီးပါးခန့် နေရာယူထားကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ (WWF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုသည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးမားဆုံးတရားမဝင် ကုန်သွယ်မှုလုပ်ငန်းဖြစ်နေပြီး ခန့်မှန်းတွက်ချက်မှုများအရ ကုန်သွယ်မှုတန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၉ ဘီလျံကျော်ရှိသည်။ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်မျိုးစိတ်များနှင့် ကျား၊ အာရှနှင့် အာဖရိက ဆင်၊ ကြံ့နှင့် သင်းခွေချပ်စသည့် တိရစ္ဆာန်တွေဟာ ကမ္ဘာ့ကုန်ကူးမှုအခံရဆုံး တိရစ္ဆာန်မျိုးစိတ်များ၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်မေလတွင်ထွက်ရှိခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ (CITES) သဘောတူညီချက်အောက်တွင် အပြည့်အဝကာကွယ်ထားသော ထိန်းသိမ်းရမည့် တိရစ္ဆာန်မျိုးစိတ်များကို သတ်ဖြတ်ခြင်း (သို့) ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ပြုလုပ်ပါက ထောင်ဒဏ်ကျခံနိုင်ရကြောင်း သိရသည်။

“ကျွန်မတို့ အခုတောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်တဲ့လုပ်ငန်းတွေကို ဥပဒေထွက်ရှိလာပြီဆိုတော့ ဥပဒေနဲ့ထိန်းချုပ်လို့ရပြီ။ အခုလည်း ရန်ကုန်မှာဆိုရင် တောရိုင်းတိရစ္ဆာန်တွေရဲ့အစိတ်အပိုင်းတွေ ရောင်းချခြင်းကို တားမြစ်နေတယ်။ ရန်ကုန်ပြီးရင် နောက်ထပ် မန္တလေးမှာလုပ်မယ်။ ပြီးရင်တော့ အခြားဒေသတွေမှာ ထပ်လုပ်မယ်။ အခုဆို ပြည်တွင်းရော၊ အရှေ့အာ ရှနိုင်ငံတွေမှာရော တောရိုင်းတိရစ္ဆာန်တရား မဝင်သတ်ဖြတ်မှုနဲ့ တရားမဝင်ကုန်သွယ်မှုတွေဟာ အရမ်းကိုဆိုးရွားလာတယ်။ ဒါကြောင့် ဒါတွေကို အချိန်မီထိန်းချူပ်ဖို့ လိုအပ်ပါတယ်” ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေ (WWF) မှ မမေမိုးဝါက ပြောကြားသည်။

မဲခေါင်ဒေသသည် ကမ္ဘာ့အဖိုးထိုက်တန်ဆုံးနှင့် မျိုးသုဉ်းပျောက်ကွယ်မည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်အများစု ကုန်သွယ်ရာ အရင်းအမြစ်နှင့် ကူးပြောင်းရာလမ်းကြောင်း ဖြစ်နေပြီး အခြေအနေဆိုးရွားသည့် ဒေသတစ်ခုဖြစ်သည်။

ပြည်တွင်း၌တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းတွင် ဆင်များသတ်ဖြတ်ခံရခြင်းမှာ ပိုမိုများပြားလာပြီး တစ်ပတ်တွင်ဆင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရကြောင်း သိရသည်။

Most Read

Most Recent