တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏အကျိုး၊ မိမိအကျိုးမျှတအောင် စဉ်းစား၍ တင်ဒါ လုပ်ငန်းရရှိမှုအပေါ် အဓိကမထားဘဲ ကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်းမျိုးကိုသာ အဓိကထားဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကော်မတီ သုံးသပ်

တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏အကျိုး၊ မိမိအကျိုးမျှတအောင် စဉ်းစား၍ တင်ဒါ လုပ်ငန်းရရှိမှုအပေါ် အဓိကမထားဘဲ ကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်းမျိုးကိုသာ အဓိကထားဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကော်မတီ သုံးသပ်
Published 20 June 2018

တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏အကျိုး၊ မိမိအကျိုးမျှတအောင် စဉ်းစား၍တင်ဒါ လုပ်ငန်းရရှိမှုအပေါ် အဓိကမထားဘဲ မိမိကုမ္ပဏီမှ ကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်းမျိုးကိုသာ အဓိကထား ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီက သုံးသပ်ထားသည်။

ဇွန် ၁၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ယင်းကော်မတီက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် မေးခွန်းများ၊ အဆိုများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတင်သွင်းစဉ် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရန်ပုံငွေ လေလွင့်မှုမရှိ စေရန်နှင့် ရေရှည်အကျိုးဖြစ်ထွန်းစေရန်အတွက် လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ တွက်ချက်၍ အခိုင်အမာတည်ဆောက် ဆောင်ရွက်သင့်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် တင်ဒါအောင်မြင်လိုမှုကိုသာ အလေးထားပြီး လုပ်ငန်းအင်္ဂါရပ် (စံချိန်စံညွှန်း) မပြည့်မီသော အချက်အလက်များဖြင့် Estimate များ မှားယွင်းစွာ တွက်ချက်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်မှုအားနည်းခြင်း စသည့်အချက်များကြောင့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ မပြီးစီးခြင်းနှင့် အရည်အသွေးမပြည့် မီခြင်းများ ဖြစ်ပေါ်မှုများ ရှိနေကြောင်း၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏အကျိုး၊ မိမိအကျိုးမျှတအောင် စဉ်းစား၍ တင်ဒါလုပ်ငန်း ရရှိမှုအပေါ် အဓိကမထားဘဲ မိမိကုမ္ပဏီမှ ကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်းမျိုးကိုသာ အဓိကထားဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ မိမိကုမ္ပဏီကြောင့် ဆုံးရှုံးနစ်နာမှုများ မရှိစေရန် အထူးစဉ်းစားဆောင်ရွက်သင့်ကြောင်း၊ လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ ပြီးစီးစေရန် အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ကော်မတီက သုံးသပ်ထားသည်။

ထို့ပြင် လမ်းတံတားများနှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် မြေပြင်တွင် ကုမ္ပဏီများ၏ အကောင်အထည်ဖော်မှုကို အဆင့်တိုင်းတွင် ကြပ်မတ်စစ်ဆေးသင့်ကြောင်း၊ မစစ်ဆေးဘဲ QC လက်မှတ်ထိုးပေးနေခြင်းများကို  စစ်ဆေးပေါ်ပေါက်ပါကလည်း ထိရောက်စွာအရေးယူသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

ကော်မတီ၏ အစီရင်ခံစာတွင် ကျေးလက်လမ်းများ ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအကြား ဌာနအပြောင်းအလဲ လုပ်ငန်းတွင် ကုမ္ပဏီများအပေါ် ထိန်းသိမ်းကြပ်မတ်မှု အားနည်းခဲ့သည်ကို သုံးသပ်ရကြောင်း၊ ရေဖြူမြို့နယ်၊ ဇာဒီ-ခေါင်ပြန်၊ ထွက်ဝလမ်းတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လမ်းခင်းပြီးနေရာအား JICA အစီအစဉ်ဖြင့် လမ်းခင်းရန် ထပ်မံချထားပေးခြင်းမှာ အခြားခက်ခဲသော နေရာများသို့ မငဲ့ညှာရာရောက်စေကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီများ၏ အကောင်အထည်ဆောင်ရွက်ပြီးစီးမှု အရည်အသွေးပိုင်းတို့ကို ယခုထက်ပို၍ ကြပ်မတ်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent