နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Published 19 June 2018
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇွန် ၁၉ ရက် နံနက် ၆ နာရီက ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး သံဃာအပါး ၂၀၀ ကျော်နှင့် သီလရှင် ၁၅၀ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း ခရိုင် မြို့နယ် အသီးသီးမှ NLD ပါတီဝင်များ တတ်ရောက်ခဲ့ကြောင်း သိရသည်။
 
ထို့နောက် နံနက် ၉ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စတုဒီသာကျွေးမွေးခြင်းကို ပြုလုပ်ခဲ့သည်။

Most Read

Most Recent