ဘိန်းချက်စခန်းသို့ ပို့ဆောင်ရန် လျှို့ဝှက်သိမ်းဆည်းထားသည့် အီသာဟုယူဆရသော အက်ဆစ်ပေပါပုံးများနှင့်ကန့်များ ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိ

ဘိန်းချက်စခန်းသို့ ပို့ဆောင်ရန် လျှို့ဝှက်သိမ်းဆည်းထားသည့် အီသာဟုယူဆရသော အက်ဆစ်ပေပါပုံးများနှင့်ကန့်များ ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိ
Published 19 June 2018

ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာအုပ်စုတွင် ဘိန်းချက်စခန်းသို့ ပို့ဆောင်ရန် လျှို့ဝှက်သိမ်းဆည်းထားသည့် အီသာဟုယူဆရသော အက်ဆစ်ပေပါပုံးများနှင့် ကန့်များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု-၁၇ မှ ဇွန် ၁၈ ရက်တွင် သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့ စု-၁၇ မှ ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဇွန် ၁၇ ရက် ညနေ ၅ နာရီ ၄၀ မိနစ်က မူးယစ်ဆေးဝါး အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သတင်းအရ ပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်းရှည်အုပ်စုကွင်း အမှတ် (၅၂၀)ရှိ  သရက်ခြံဝန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာခြံအတွင်း သရက်ပင်များ အောက်တွင် ဝါးထရံများဖြင့်ကာထားသည့် မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် အီသာဟုယူဆရသော အကြည်ရောင်အရည် ၁၉၀ လီတာခန့်ပါ အနီရောင်သံပေပါ ၇၈ လုံး၊ အနက်ရောင်သံပေပါ သုံးလုံး၊ ခဲရောင်သံပေ ပါငါးလုံး၊ အပြာရောင်သံပေပါ ၂၀ လုံး၊ အစိမ်းရောင် ၂၀ လုံး၊ ၆၀ လီတာပါ အစိမ်းရောင် တစ်လုံး စုစုပေါင်းသံပေပါ ၁၂၇ လုံး အီသာအရည် စုစုပေါင်း ၂၄၀၀၀ လီတာ တန်ဖိုး ကျပ်သိန်း ၃၀၀၀ ခန့်နှင့် ခြံဝန်းအတွင်းဆောက် လုပ်ထားသည့် တဲအတွင်းမှ အဖြူရောင်ဆာ လာအိတ်တစ်အိတ်လျှင် ကန့် (Sulfur) ဟု ယူဆရသော အဝါရောင် အခဲ/အမှုန့်အလေး ချိန် ၄၅ ကီလိုဂရမ်ခန့်စီပါ  ခြောက်အိတ် စုစုပေါင်း အလေးချိန် ၂၇၀ ကီလိုဂရမ်ခန့် တန်ဖိုး ကျပ် ၁၃ ဒသမ ၅ သိန်းခန့်အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါပစ္စည်းများသည် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအလွန် လွယ်ခန်ကျေးရွာရှိ ဘိန်းချက်စခန်းသို့ ပို့ဆောင်ရန် အီသာဟုယူဆရသော အက်စစ်ပေပါပုံးများဖြစ်ကြောင်း၊ အက်စစ်ပေပါများသည်ကောင်း ခါးကျေးရွာအတွင်းရှိ ဘိန်းချက်စခန်းများသို့ ပေးပို့ရန်ဖြစ်ပြီး ယခုအခါတွင် ဘိန်းချက် စခန်းများ ဖမ်းဆီးခံရသောကြောင့် ထပ်မံပေးပို့ရန် အဆင်မပြေသဖြင့် လျှို့ဝှက်သိမ်းဆည်းထားခြင်းဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု ၁၇ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခြံဝန်းအတွင်းနေ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အုန်းချောနယ် မြေရဲစခန်းမှ ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent