၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်ထိ လေးနှစ်တာအတွင်း ရန်ကုန်ဆိပ်ကမ်းများမှ သင်္ဘော ၅၂ စင်းဖြင့် ဆန်တန်ချိန် ၁၀ သိန်းကျော် တင်ပို့နိုင်ခဲ့

၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်ထိ လေးနှစ်တာအတွင်း ရန်ကုန်ဆိပ်ကမ်းများမှ သင်္ဘော ၅၂ စင်းဖြင့် ဆန်တန်ချိန် ၁၀ သိန်းကျော် တင်ပို့နိုင်ခဲ့
Published 19 June 2018

ကုန်းတွင်းဆိပ်ကမ်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထိ လေးနှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများမှ သင်္ဘောစီးရေ ၅၂ စင်းဖြင့် ဆန်တန်ချိန်  ၁၀ သိန်းကျော်  ကျော်တင်ပို့နိုင်ခဲ့ကြောင်း  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။

“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကနေ  ၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ်ထိ လေးနှစ်တာကာလ အတွင်းမှာ ရန်ကုန်ဆိပ်ကမ်းတွေကနေ ဆန်တင်ပို့မှုက ၁ç၀၃၂ç၁၄၈ တန်ကို သင်္ဘောစီးရေ ၅၂  စင်းနဲ့တင်ပို့ခဲ့တာဖြစ်ပြီး ဆူးလေဆိပ်ကမ်းကနေ ဆန်တင်ပို့မှု အများဆုံး ဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ပြောကြားသည်။

ရန်ကုန်မြို့ဆိပ်ကမ်းများမှ ဆန်တင်ပို့မှုမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သင်္ဘောကိုးစင်းဖြင့် ဆန်တန်ချိန် ၁၆၁,၇၁၃ တန်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သင်္ဘောနှစ်စင်းဖြင့် ဆန်တန်ချိန် ၄၁ç၀၀၀ တန်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သင်္ဘော ၁၀ စင်းဖြင့် ဆန်တန်ချိန် ၁၉၅,၇၇၅ တန်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သင်္ဘော  ၃၁ စင်းဖြင့် ဆန်တန် ချိန် ၆၃၃,၆၆၀ တန်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆူးလေဆိပ်ကမ်းတွင် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောခုနှစ်စီး တစ်ပြိုင်နက်ဆိုက် ကပ်ရန် ဆိပ်ခံတံတား ခုနစ်စင်းရှိပြီး ဆိပ်ခံတံတား ၁ မှ ၄အထိသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဖက်စပ်ကုမ္ပဏီတို့မှ ကိုင်တွယ်ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၅ မှ ၇ အထိသည်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကိုင်တွယ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယင်းသို့ ဆန်တင်ပို့မှုအများဆုံးဖြစ်သည့် ဆူးလေဆိပ်ကမ်းအား တန်ချိန်သုံးသောင်းဆံ့ နိုင်ငံတကာသင်္ဘောကြီးများ ဝင်ထွက်ဆိုက် ကပ်နိုင်ရန် အဆင့်မြှင့်တင်လျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်၌ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့နိုင်ခဲ့သည့် အနက် ဆူးလေဆိပ်ကမ်းမှ ဆန်တန်ချိန် ခုနစ်သိန်းခန့် ကိုင်တွယ်နိုင်ခဲ့ပြီး အခြားဆိပ်ကမ်းများမှ ကွန်တိန်နာဖြင့် ဆန်တန်ချိန်တစ် သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် လေးသန်းကျော် တင်ပို့ရန် ခန့်မှန်းထားသဖြင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ လွယ်ကူ လျင်မြန်စွာ တင်ပို့နိုင်ရန် သောင်တူးခြင်း၊ ရေကြောင်းအထောက်အကူပြု ပစ္စည်းများ အသုံးပြုခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရေလမ်းကြောင်း ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခင်က ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောအလျား ၁၆၇ မီတာ အရှည်နှင့် တန်ချိန် ၁၅,၀၀၀၊ ၂၀,၀၀၀ ခန့်ရှိ သင်္ဘောများသာ ဝင်ထွက်ဆိုက်ကပ်နိုင်ခဲ့ရာမှ လက်ရှိတွင် အလျား ၁၉၀ မီတာ၊ တန်ချိန်သုံး သောင်းခန့်ရှိ သင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာအတွင်း ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတံတားငါးခုဖြစ်သည့် အေးရှား ဝေါလ်/ထီးတန်းဆိပ်ခံတံတား၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော်ဆိပ်ခံတံတားနှင့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများသည် လက်ရှိတွင် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်၍ ကုန်စည်ကိုင်တွယ်မှုများ ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent