<

■ ယနေ့ည ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြို သုံးသပ်ချက်

ယူရို ၂၀၁၂ ပြိုင်ပွဲတွင် ပေါ်တူဂီနှင့် စပိန်အသင်းတို့ တွေ့ဆုံခဲ့စဉ်က (Photo: AFP)

အီဂျစ် Vs ဥရုဂွေး
သောကြာည (၆း၃၀) နာရီ

အီဂျစ်မှာ အဓိကပြဿနာဖြစ်နေတာက မိုဆာလာ ကစားနိုင်သလား၊ မကစားနိုင်သေးဘူးလားဆိုတာဖြစ်ခဲ့တယ်။ ဒါပေမဲ့နောက်ဆုံးသတင်းတွေအရ ၀င်ကစားနိုင်မယ်လို့ ယူဆလို့ရတယ်။ ဒါပေမဲ့သူကစားနိုင်ရင်တောင် ခြေစွမ်းအရ အီဂျစ်က ဥရုဂွေးကို ယှဉ်နိုင်ဖို့ ခက်ပါတယ်။ ဆွာရက်ဇ်+ကာဗာနီအတွဲနဲ့ ဥရုဂွေးကိုပဲ ကြိုက်တယ်။

မော်ရိုကို Vs အီရန်
သောကြာည (၉း၃၀) နာရီ

မော်ရိုကိုမှာ အရည်အသွေးမြင့် ကစားသမားတွေအများ ကြီးရှိတယ်။ ဘီနာတီယာ ဦးဆောင်တဲ့ ခံစစ်က စိတ်ချရတယ်။ ဘယ်လ်ဟန်ဒါ၊ အယ်လ်အာမာဒီ၊ ဇီယာ့ခ်ျတို့က အီရန်ကို ဒုက္ခပေးနိုင်တယ်။ အီရန်ကတော့ သရေကိုပဲ ဦးတည်ကစားရမှာပါ။ ဂိုးတော့မပြတ်နိုင်ဘူး။ မော်ရိုကို နိုင်ဖို့များတယ်။

 

ပေါ်တူဂီ Vs စပိန်
စနေနံနက် (၀၀း၃၀) နာရီ

စပိန်အသင်းက ပြိုင်ပွဲနီးမှ အဓိကအပြောင်းအလဲကြီးတွေ ဖြစ်သွားတယ်။ အသင်းတွင်း ပြဿနာဆိုတာ ဘောလုံးအားကစားနည်းမှာ ဘယ်တုန်းကမှ လျှော့တွက်လို့မရတဲ့ အရာပါ။ ကာလရှည်လက်တွဲလာခဲ့တဲ့ နည်းပြတစ်ယောက်ကို ပြိုင်ပွဲနီးမှ ထုတ်ပယ်လိုက်ရပြီး၊ နည်းပြသစ်တစ်ဦးနှင့် အစားထိုးရသည်ဆိုတဲ့ ကိစ္စမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအများကြီးရှိပါတယ်။ ပေါ်တူဂီအသင်းအတွက် ဒီအခြေအနေက သတင်းကောင်းပါပဲ။ စပိန်အသင်းရဲ့ ထိခိုက်မှု၊ သက်ရောက်မှုတွေက သူတို့ ကောင်းဖို့ပဲ ဖြစ်တယ်။ တစ်ခုရှိတာက စပိန်က အစားထိုးစရာ နည်းပြတွေအများကြီး ရှိတယ်။ စပိန်ကစားသမားတွေက အသင်း တစ်သင်းသို့၊ နှစ်သင်းလောက်က ကစားသမားတွေကို အဓိက တည်ထားတဲ့အသင်းဖြစ်နေတယ်။ ဒါကြောင့် အများကြီး ပြိုလဲသွားဖို့ မရှိတဲ့အပြင် အားလုံးက စောင့်ကြည့်နေကြတဲ့အချိန်မှာ ပေါက်ကွဲပြချင်စိတ်တော့ရှိလိမ့်မယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီပွဲက စပိန်ကို သဘောကျပေမယ့် လက်ရှိအချိန်မှာတော့ တန်ပြန်တိုက်စစ်နဲ့ ကစားပြီး၊ စည်းလုံးမှုအပြည့်ရှိနေတဲ့ ပေါ်တူဂီရဲ့ အနေအထားက ပိုခိုင်မာသွားတယ်။ စပိန်အတွက် ဒီပွဲက အခက်အခဲမျိုးစုံနဲ့ ကစားရမယ့်ပွဲပါ။ ပေါ်တူဂီကိုပဲ ကြိုက်တယ်။ ပေါ်တူဂီ မရှုံးနိုင်ဘူး။

 

June 15, 2018














Copy Protected by Chetan's WP-Copyprotect.