w မြစ်ရေတက်၍ ရေလျှံမှုများကြောင့် ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးတန်းရှိ စားသောက်ဆိုင်အချို့ ဈေးရောင်းချရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ် - Eleven Media Group <

မြစ်ရေတက်၍ ရေလျှံမှုများကြောင့် ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးတန်းရှိ စားသောက်ဆိုင်အချို့ ဈေးရောင်းချရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ်

မြစ်ရေတက်၍ ရေလျှံမှုများကြောင့် ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးတန်းရှိ စားသောက်ဆိုင်အချို့ ဈေးရောင်းချရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ဇွန် ၁၄ ရက်တွင် သိရသည်။

ထိုသို့ ရေကြီးမှုများမှာ ဇွန် ၁၃ ရက်နှင့် ဇွန် ၁၄ ရက်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေကြီးရေလျှံမှုများကြောင့် ဈေးရောင်းချရတွင် အခက်အခဲများ၊ အဆင်မပြေမှုများနှင့် ကြုံတွေ့ရသဖြင့် ဈေးသည်အချို့မှာ စားဝတ်နေရေးဒုက္ခများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရေကြီးမှုမှာ လပြည့်နေ့သို့ရောက်ရှိလျှင် မြစ်ရေလျှံတက်မှုများကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဈေးသည်များ၏ ပြောကြားချက်အရ သိရပြီး ရေလျှံမှုအများစုမှာ ရေတံခါးအဖွင့်အပိတ်နှင့် သက်ဆိုင်ကြောင်း သိရသည်။

“မြစ်ရေတက်တာက လပြည့်နေ့ရောက်တိုင်းတော့ဖြစ်တယ်။ ပြီးတော့ ရေတံခါး အဖွင့်အပိတ်နဲ့လည်း အများစုသက်ဆိုင်တယ်။ ရေတံခါး အဖွင့်အပိတ်ကတော့ စည်ပင်နဲ့ဆိုင်တယ်။ ရေတံခါးကိုကျော်သွားရင်တော့ ရေကများသွားတာ။ ရေတွေကကြီးတော့ ဆိုင်အချို့က ဈေးရောင်းရာမှာ အခက်အခဲတွေ ဖြစ်ပေါ်တယ်။ ဈေးရောင်းမကောင်းဖူး။ မနှစ်ကတုန်းကတော့ ရေထဲမှာ ထိုင်စားသူတွေ ရှိခဲ့ပေမယ့် ဒီနှစ်ကတော့ မရှိသလောက် ပါးသွားပြီ။ ညဈေးတန်းရဲ့ရောင်းအားက မနှစ်ကထက် နည်းသွားပြီ” ဟု ညဈေးတန်းတွင် ယိုးဒယား အစားအစာများ ရောင်းချနေသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ရေကြီးမှုများနှင့် ဆိုင်များသို့ လာရောက်သူနည်းပါးမှုအား တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးရန် မျှော်လင့်မိကြောင်း ညဈေး၌ ဈေးရောင်းချသူတစ်ဦးက ပြောကြားသည်။

“ဒီရေတံခါးလေးဟာ ပိတ်လို့ရမယ်ဆိုလို့ရှိရင် ဈေးရောင်းချရတာ အဆင်ပြေတယ်။ သဘာဝ ဘေးအန္တရာယ်ကတော့ ဘာမှမပြောလိုပါဘူး။ ကာကွယ်လို့ရတာကို ကာကွယ်ပေးစေချင်တယ်။ မနှစ်ကတော့ စည်ပင်က ဓာတ်ပုံတော့ လာရိုက်တယ်။ ဒီနှစ်တော့ မလာသေးဘူး။ ရေကြီးတော့ ပြန်ကျတာစောင့်ပြီး သဲတွေကို လှည်းပေးရတယ်” ဟု ညဈေးတန်းတွင် ဈေးရောင်းချသူတစ်ဦးက ပြောကြားသည်။

June 14, 2018














Copy Protected by Chetan's WP-Copyprotect.