<

ယခုနွေရာသီတွင် မန်ယူအသင်းမှ မာစီယဲလ် ထွက်ခွာလိုနေကြောင်း ၎င်း၏အေးဂျင့်ဖွင့်ဟ

မန်ယူအသင်း၏ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်သည် ယခုနွေရာသီတွင် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း ၎င်း၏အေးဂျင့် ဖိလစ်ပီလမ်ဘိုလေက ဖွင့်ဟပြောကြားခဲ့သည်။

 

 

မန်ယူအသင်းသည် မာစီယဲလ်နှင့် တစ်နှစ်သာကျန်ရှိတော့သည့်စာချုပ်ကို သက်တမ်းတိုးရန် နွေးဆွေးမှုများပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိ သဘောတူညီမှုမရသေးပေ။ ထို့အပြင် မာစီယဲလ်အနေဖြင့် အသင်းတွင်ပုံမှန်ပွဲထွက်ခွင့်မရသောကြောင့် မပျော်မရွှင်ဖြစ်နေကြောင်းလည်း သိရှိရသည်။ ယခုနွေရာသီအပြောင်းအရွှေ့တွင် မာစီယဲလ်ကို ခေါ်ယူရန် စပါးအသင်းအပါအ၀င် ပရီးမီးယားလိဂ်ကလပ်များက စောင့်ကြည့်လျက်ရှိရာ ၎င်း၏အေးဂျင့်က ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

လမ်ဘိုလေက ” ကျွန်တော်တို့ သူ့စာချုပ်ကိစ္စအတွက် ဆွေးနွေးနေတာ အချိန်တော်တော်ကြာပါပြီ။ ဒါပေမဲ့ ဘာသဘောတူညီချက်မှ မရသေးပါဘူး။ သူဟာ (၃)နှစ်လောက်ပါဝင်ကစားထားတဲ့ ဒီအသင်းနဲ့ ပရိသတ်တွေကို ချစ်မြတ်နိုးသူဖြစ်လို့ လက်ရှိအခြေအနေက စိတ်ပျက်စရာဖြစ်နေတာပါ။ ကျွန်တော်တို့ ဆွေးနွေးတာ (၈)လလောက်ရှိနေပါပြီ။ မန်ယူအသင်းဟာ ကမ္ဘာပေါ်မှာ သြဇာကြီးမားတဲ့ အသင်းကြီးတစ်သင်းပါ။ သူတို့အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ တကယ်ဆန္ဒရှိတယ်ဆိုရင် မခက်ပါဘူး။ ဒါပေမဲ့ သူတို့ မာစီယဲလ်အပေါ်ထားတဲ့ သဘောထားကို ကျွန်တော့်အထင်ပြောရမယ်ဆိုရင် အသင်းအတွက် အရေးမကြီးတဲ့ကစားသမားတစ်ဦးလို့ မယူဆထားလို့ပဲနေပါလိမ့်မယ် ” ဟု ပြောကြားခဲ့သည်။မာစီယဲလ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစားခဲ့ရာတွင် (၁၁)ဂိုးယူပြီး (၉)ဂိုးဖန်တီးပေးခဲ့သူဖြစ်သည်။

June 14, 2018














Copy Protected by Chetan's WP-Copyprotect.