နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) ယနေ့ပြုလုပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) ယနေ့ပြုလုပ်
Published 14 June 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) ဇွန် ၁၄ ရက် (ယနေ့) နံနက် ၁၀ နာရီတွင် မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်ခွင့်ရသည့် ဒေသခံပြည် သူများမှာ ကိုကျော်ဇင်ဦး (ကျောင်းသား) တတိယနှစ် (သင်္ချာ)၊ မဆန်းသီရိ (သူနာပြု ဆရာမ)၊ ခွန်ထူးအောင် (Capacity Development – NGO)၊ မိဇင်မင်းမွန် (လူငယ်ရေးရာကော်မတီဝင်-ငြိမ်းဖောင်ဒေးရှင်း)၊ စောကျော်မိုး (စားသောက်ဆိုင်လုပ်ငန်းရှင်)၊ မိယဉ်နွန်စမ်း (ကျောင်းသူ) ဒုတိယနှစ် (ဥပဒေ)၊ ကိုထွန်းထွန်းလင်း (ကျောင်းဆရာ - ကိုယ်ပိုင်ကျောင်း) နှင့် မိငွေလေး (မွန်စေတနာဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း - အထည်ဆိုင်လုပ်ငန်း) တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်ခရီးစဉ်အဖြစ် ဇွန် ၁၄ ရက် နံနက် ၉  နာရီတွင် မော်လမြိုင်မြို့ တောင်ရိုးတန်းရှိဆံတော်ရှင်ကျိုက်သလ္လာ စေတီတော်ကြီးအား သွားရောက်ဖူး မြော်မည်ဖြစ်ကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီတွင် မော်လမြိုင်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) သို့တက်ရောက်မည်ဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။                 ဘိုဘိုမြင့်

Most Read

Most Recent