မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုပ္ပားတောင်ကလပ်ရှိ ဝေဘူလရွှေကူချောင် ဆွမ်းစားကျောင်းဆောင် အနောက်ဘက်တွင် ကမ်းပါးနှစ်ပေခန့် ပြိုကျ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုပ္ပားတောင်ကလပ်ရှိ ဝေဘူလရွှေကူချောင် ဆွမ်းစားကျောင်းဆောင် အနောက်ဘက်တွင် ကမ်းပါးနှစ်ပေခန့် ပြိုကျ
Published 14 June 2018

မိုးငါးရက်ခန့် အဆက်မပြတ်ရွာသွန်း နေမှုကြောင့်ပုပ္ပားတောင်ကလပ်အရှေ့ဘက် ဆင်နှစ်ကောင်စောင်းတန်းအနီး ဝေဘူလရွှေကူချောင် ဆွမ်းစားကျောင်းဆောင် အနောက်ဘက်တွင် ကမ်းပါးယံ နှစ်ပေခန့်ပြိုကျခဲ့ပြီး အဆောက်အအုံတွင်း၌ အက်ကြောင်းများလိုက်လာရာ နေရာရွှေ့ပြောင်းမှုတချို့လုပ်နေရသည်ဟု ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါမြေပြိုမှုသတင်းကြောင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ ကျောက်ပန်းတောင်းအထွေထွေ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ ပုပ္ပားအုပ်ချုပ်ရေးမှူး၊ ပုပ္ပားတောင်ချစ်သူများအသင်း တို့ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ရာ ယင်းမြေနေရာသည် မြေသားသက်တမ်းနု ဖြစ်သောကြောင့် မိုးများပြီး ကမ်းပါးနှစ်ပေခန့် ပြိုခဲ့သည်ဟု ကျောက်ပန်းတောင်းထွေ အုပ်ဒုဦးစီးကိုကျော်ပြေငြိမ်းက ပြောကြားသည်။

“မနက် ၁၁ နာရီ ၄၅ မိနစ်မှာ တောင်ကလပ်ကျေးရွာ ဝေဘူလရွှေကူချောင်ကျောင်း တိုက်ဆွမ်းချက်ဆောင်မှာ နှစ်ပေလောက်မှာရှိတဲ့ ကမ်းပါးယံမှာရှိတဲ့ မြေပြိုသွားပါတယ်။ မြေသားကပြောမယ်ဆိုရင် မြေသားအရင့်တော့ မဟုတ်ဘူး။ မြေသားနုပါ။ သူက မိုးများလို့ ပြိုသွားတာပါ။ ဖြစ်စဉ်မှာ အဆောက်အအုံလည်း မပါသွားဘူး။ လူလည်း ထိခိုက်မှု မရှိဘူး။ ကွင်းဆင်းစစ်ဆေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး တိုင်းအစိုးရအဖွဲ့၊ ခရိုင်အုပ်ချုပ်ရေး၊ တိုင်းအုပ်ချုပ်ရေးတို့ကို ကြေးနန်းပို့  အကြောင်းကြားပြီးပါပြီ။ ကျောင်းတိုက်မှာသီ တင်းသုံးနေထိုင်တာက သံဃာတော် ၁၃ ပါး နဲ့ သာမဏေတစ်ပါးရှိတယ်။ မနှစ်ကလည်း အဲဒီနေရာကပြိုထားတဲ့နေရာပေါ့။ ဘုန်းကြီးကျောင်းပါသွားတာ မဟုတ်ဘူး။ လွတ်နေတဲ့ မြေသားနှစ်ပေလောက် ပြိုတာပါ။ ကျောင်းနေသံဃာတော်တွေက နေမြဲပါပဲ” ဟု ကိုကျော်ပြေငြိမ်းက ပြောကြားသည်။          မင်းလတ်

Most Read

Most Recent