မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ ပူးတွဲကြေညာချက်အား မြန်မာနိုင်ငံက ကြိုဆိုကြောင်း ထုတ်ပြန်

မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ ပူးတွဲကြေညာချက်အား မြန်မာနိုင်ငံက ကြိုဆိုကြောင်း ထုတ်ပြန်
Published 14 June 2018

စင်ကာပူနိုင်ငံ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား ပြုလုပ်ခဲ့သော နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်ကို ကြိုဆိုကြောင်း ဇွန် ၁၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အစည်းအဝေးမှ ရရှိလာသည့် အပြုသဘောဆောင်သည့် ရလဒ်များသည် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယား လက်နက် လုံး၀ ကင်းစင်ရေးအတွက် ခေါင်းဆောင် နှစ်ဦးအကြား ဆက်လက် ဆောင်ရွက်နိုင်စေမည်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းလုံး၏ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေမည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် အမေရိကန်နိုင်ငံ၊ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် အထောက်အကူပြုခဲ့သည့် နိုင်ငံများ၊ အထူးသဖြင့် သမိုင်းဝင် ဆွေးနွေးပွဲတစ်ရပ်ကို လက်ခံ ကျင်းပပေးခဲ့သည့် လက်ရှိ အာဆီယံဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံတို့အား ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent