မြဝတီကုန်သွယ်ရေးဇုန်အနီး ရွှေမြစန္ဒီ (မြို့သစ်) ဒေသတွင် မူလမြေပိုင်ရှင်ဆိုသူများ၏ ဆန္ဒဖော်ထုတ်ပွဲကို တန်ပြန်ကန့်ကွက်သည့်အနေဖြင့် လူအင်အား ၁၀၀၀ ကျော်ဆန္ဒဖော်ထုတ်

မြဝတီကုန်သွယ်ရေးဇုန်အနီး ရွှေမြစန္ဒီ (မြို့သစ်) ဒေသတွင် မူလမြေပိုင်ရှင်ဆိုသူများ၏ ဆန္ဒဖော်ထုတ်ပွဲကို တန်ပြန်ကန့်ကွက်သည့်အနေဖြင့် လူအင်အား ၁၀၀၀ ကျော်ဆန္ဒဖော်ထုတ်
Published 14 June 2018

ကရင်ပြည်နယ် မြဝတီကုန်သွယ်ရေး ဇုန်အနီး ရွှေမြစန္ဒီ (မြို သစ်) ဒေသတွင် အိမ်သစ်ဆောက်လုပ်နေထိုင်သူ ပြည်သူများက DKBA မှဖော်ဆောင်နေသော ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းအား ထောက်ခံပွဲနှင့် မူလမြေပိုင်ရှင်ဆိုသူများ၏ ဆန္ဒဖော်ထုတ်ပွဲအား တန်ပြန်ကန့်ကွက်သည့်အနေဖြင့် ဇွန် ၁၃ ရက်က လူအင်အား ၁၀၀၀ ကျော်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဇွန် ၁၀ ရက် နံနက်က အတွင်းမဲက နယ်ရွာသား ၃၀၀ ခန့်သည် မိမိတို့ဘိုးဘွား ပိုင်ရွာဟောင်းမြေပေါ်တွင် မတရားကျူး ကျော်သိမ်းယူခဲ့သော မြေဧက ၃၀၀ ကျော်အား ပြန်လည်ရရှိရေးနှင့်မြေယာသိမ်းဆည်းသူ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခု ဇွန် ၁၃ ရက်တွင် အဆိုပါရွှေ မြစန္ဒီမြို့သစ်တွင် နေထိုင်သူများက အေးချမ်းစွာဖြင့် ဆက်လက်နေထိုင်လိုကြောင်းနှင့် ဒီကေဘီအေမှ ဗိုလ်မှူးစောညီညီအား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရွှေမြစန္ဒီဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေ သူဗိုလ်မှူးစောညီညီအား ထောက်ခံခြင်းနှင့် အေးချမ်းစွာနေထိုင်လိုသူ ပြည်သူများ၏ တန်ပြန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးမြင်ဆန်းက “ဆန္ဒဖော်ထုတ်ပွဲ၊ ထောက်ခံပွဲကို ဘာကြောင့်လာရတာလဲဆိုတော့ လွန်ခဲ့တဲ့ ဇွန် ၁၀ ရက်က မြေယာမတရား သိမ်းပိုက်ခံထားကြောင်း၊ ပြန်လည်ရရှိလိုကြောင်း တောင်းဆိုဆန္ဒဖော်ထုတ်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ လာရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ရွှေမြစန္ဒီဒေသဖွံဖြိုးရေးဆောင်ရွက်နေတဲ့ ဗိုလ်မှူးစောညီညီကို ထောက်ခံတာလည်း ဖြစ်ပါတယ်။ ယခုထောက်ခံပွဲ၊ ဇွန်၁၀ ရက်က ပြုလုပ်ခဲ့တဲ့ အတွင်းမဲက နယ်ရွာသားတွေပြုလုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲကို ကန့်ကွက်ဆန္ဒထုတ်ဖော်တာလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရွှေမြစန္ဒီဒေသမြို့သစ်နေ ပြည်သူများသည် အင်အားတစ်ထောင်ခန့်ဖြင့် ကြွေးကြော် သံလေးချက်ကြွေးကြော်ကာ ထောက်ခံတန် ပြန်ဆန္ဒထုတ်ဖော်သွားခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ရွှေမြစန္ဒီဒေသ သဗ္ဗသိဒ္ဒိစေတီတော် ပရဝုဏ်ဝင်းအတွင်း၌ လူထုစုဝေပြီး ဗိုလ်ချုပ်စောလားဘွယ်လမ်း မအတိုင်းချီတက်ကာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တည်တံ့ခိုင်မြဲ ရေး။ ရွှေမြစန္ဒီဒေသ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး။ ရွှေမြစန္ဒီဒေသဖွံ့ဖြိုးတိုးတက်ရေးအား  နှောင့်ယှက်ဖျက်ဆီးသူများအား အလိုမရှိ။ ရွှေမြစန္ဒီဒေသဖွံ့ဖြိုးရေဆောင်ရွက်ေ သော ဗိုလ်မှူးစောညီညီအား ထောက်ခံပါတယ် စသည်ဖြင့် ကြွေးကြော်ပြီး သံလွင်လမ်း ထိပ်ကင်းစခန်းကုန်းအနီးလမ်းဆုံတွင် လူစုခွဲခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သူရည်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်မှ စခန်းမှူးရဲအုပ် နိုင်ဝင်းသိန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent